Unicode
သူဖန်ဆင်းတဲ့ အကြင်နာကျော့ကွင်း
ဆေးခန်းနဲ့မနီးမဝေးမှာရှိသော စတိုးဆိုင်ကနေ စတော်ဘယ်ရီနို့ချိုချိုကလေးကို၀င်၀ယ်ပြီး အငတ်ကောင်ဂိုနိုယွန်းလုမသောက်နိုင်ဖို့အတွက် စတိုးဆိုင်ရှေ့မှာတင် ကော်ပိုက်သေးသေးနဲ့ဖောက်ကာတမြုံ့မြုံ့စုပ်နေရင်း သိပ်မကြာသေးခင်ကမှ တုံ့ပြန်စာလွှာတွေထပ်ကာဝင်မလာတော့တဲ့ဖုန်းလေးထံဝယ်လည်း စိတ်အာရုံများရစ်သိုင်းနေမိခြင်းအမှုကို ရပ်တန့်လို့မရနိုင်ပါပေ။
'ဒီနေ့ တနင်္ဂနွေနေ့ဆိုတော့ အသားကင် .. မင်းအဆင်ပြေလား ..'
'ငါက ဘာဖြစ်ဖြစ်ရတယ် ..'
'ဒါဆို နေ့လယ်ကျရင်တွေ့ကြမယ်နော် .. ငါပေးမဲ့ဘနားနားမစ်လေးကိုလည်း စောင့်မျှော်ရင်း ငါ့ကိုမြန်မြန်လက်ခံလာတော့ .. အရမ်းချစ်တယ် အာဘွား ..'
'အင်း ..'
ရပ်တန့်သွားတဲ့ စကားဝိုင်းက ဤမျှသာလျှင်ပါ။
တစ်ကယ်တမ်း သူ့ဘက်က လုံးလုံးစာမပြန်တာတော့မဟုတ်ပေမဲ့ ဘယ်လိုလုပ်ပြီး အနက်ရှိုင်းဆုံးဆက်ဆံရေးတွေရှိခဲ့ဖူးတဲ့လူတစ်ယောက်ရဲ့တုံ့ပြန်မှုကြီးက အေးတိအေးစက်နဲ့ 'အင်း' တစ်လုံးတည်းဖြစ်နေရတာလဲ။
'ငါမင်းကို ပြန်လက်ခံပြီ' မဟုတ်ရင်တောင် 'စောင့်နေမယ်' လောက်ဆို ထယ်ယောင်းရဲ့စိတ်နှလုံးကို ဘဝင်ကလေးခိုက်သွားစေလောက်မှာ သူတစ်ကယ်မသိတာလား ဒါမှမဟုတ် သိသိရက်နဲ့တမင်တကာလုပ်ခဲ့လေသလား။
"အမြင်ကပ်သွားပြီ .. မင်းဒီနေ့ ဘာဘနားနားမစ်မှမရဘူးမှတ် .."
မကျေမနပ်ဖြစ်စွာပင် ပို့ထားတဲ့စာတွေကိုဖျက်ပစ်ဖို့ကြံစည်လိုက်မိပေမဲ့လည်း နှမြောတသဖြစ်မှုလေးက ကျန်ရစ်နေပြန်သေးတော့ ကင်မ်ထယ်ယောင်းတို့ ပဒိုင်းသီးတစ်လုံးကောက်ရထားသည့်နှယ် စုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေရပါတော့တယ်။
"ဂျွန်ဂျောင်ကုအစုတ်ပလုတ်ပဒိုင်းသီးကောင် .. နေ့လယ်စာလည်း အတူမစားတော့ဘူးကွာ .. မင်းကို သံယောဇဉ်ပါဖြတ်ပစ်မယ် .. နောက်မှ 'မလုပ်ပါနဲ့ထယ်ယောင်းရာ .. ငါမင်းနဲ့မခွဲနိုင်ဘူး' လာပြောကြည့် .. တစ်ခါတည်း မျက်နှာလွှဲပြီးပါနေလိုက်မှာ .. နားလည်လား .."
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..