အပိုင်း - ၂၀

2.5K 306 90
                                    

Unicode

သိရှိခြင်း

နမ်ချွန်းမြို့ရဲ့အထင်ကရဆေးရုံကြီးတွေထဲကတစ်ခုဖြစ်တဲ့ ယွန်ဆောင်းတက္ကသိုလ်ဆေးရုံဝန်းထဲမှာ ပျင်းရိလွယ်ပါသောကြောင်ပေါက်လေးထယ်ယောင်းဟာ ဆောင်းဦးကာလမှာကြွေဆင်းကျတတ်တဲ့ ဝါစွေးစွေးဂင်ဂိုရွက်တွေကို ဖိနင်းဆော့ကစားလို့ လက်တွေ့လေ့လာရေးဆင်းနေတဲ့အချစ်ဦးကောင်လေးတစ်ယောက် ထယ်ယောင်းရှိရာဆီ အမြန်ပြေးလာမဲ့လမ်းကို မျှော်တွေးတမ်းတကာစောင့်ဆိုင်းနေမိတယ်။

တတိယနှစ်ဆေးကျောင်းသားဘဝ တစ်ဝက်ကျိုးလာပြီးနောက် ဂျောင်ကုနဲ့ထယ်ယောင်းရဲ့ အိမ်ပြန်ခရီးတွေက အမြဲတစေတောင်ရောက်မြောက်ရောက်ဖြစ်ကာ ညှိနှိုင်းဖို့ရာမှာလည်း ခဲယဉ်းနေတတ်ပေမဲ့ ဒီနေ့တော့ ရည်းစားလေးရဲ့ခါးကိုဖက်ပြီး စကူတာစီးနိုင်ဖို့အရေး ထယ်ယောင်းတစ်ယောက် တကူးတကအားထုတ်ကြိုးပမ်းကာ ယွန်ဆောင်းတက္ကသိုလ်ဆေးရုံအထိပါ ရောက်ချလာခဲ့ရပါတော့တယ်။

ဆေးရုံဝန်းထဲမှာပင်ဖြစ်လင့်ကစား ရောဂါဝေဒနာခံစားနေရတဲ့လူနာတွေနဲ့လူနာရှင်တွေဟာ ပူပန်သောကအဖြာဖြာကိုပိုက်ထွေးလို့ ပျားပန်းခတ်တမျှ ရှုပ်ထွေးပွေလီနေကြတယ်။

တစ်ချို့ကငိုတယ်၊ တစ်ချို့ကျပြန်တော့ အသက်ဆက်ရှင်စိတ်မရှိတော့သလို ဝှီးချဲပေါ်မှာ ငူငိုင်နေကြပေမဲ့လည်း တစ်ချို့သောလူတွေကတော့ အထုပ်အပိုးတွေကို ပြန်လည်သယ်ဆောင်ကာ သူတို့ခိုနားရာနေအိမ်တွေဆီ အသီးသီးပျံသန်းသွားကြပြန်တာပါပဲ။

"ထယ်ယောင်း .."

တစ်ယောက်တည်း ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လုပ်နေတုန်း အနောက်ပါးဆီက အံ့သြခြင်းတစွန်းတစပါဝင်နေသောအသံလေးတစ်ခုကိုကြားလိုက်ရပြီး တစ်ဆက်တည်းမှာပဲ ထယ်ယောင်းရဲ့လက်မောင်းလေးဟာ အသံပိုင်ရှင်အချစ်ဦးကောင်လေးရဲ့လက်ဖဝါးကြီးနဲ့ ဖိကိုင်ခံလိုက်ရတာကြောင့် လုံခြုံစွာနွေးထွေးသွားရတော့တယ်။

"ငါ့ကိုစောင့်နေတာလား .."

ဂျောင်ကုရဲ့မျက်ဆန်ကြည်တွေထဲမှာ ပျော်ရွှင်ရိပ်အချို့စိမ့်ဝင်ပျံ့နှံ့နေသည့်နည်းတူပင် နူးညံ့မှုတို့လည်းကြီးစိုးနေပါသေးတယ်။

A Soap Bubble (Complete)Where stories live. Discover now