Unicode
စိန်ခေါ်မှု
"သုံးလောကရဲ့ဆရာကင်မ်ရေ .. ကျေးဇူးပြုပြီး အဲဒီဖိုင်လေးကို ကျွန်တော်မျိုးလက်ထဲ ထည့်ပေးပါတော့လား။ ကျွန်တော်မျိုး ဟိုးလွန်ခဲ့တဲ့ဆယ်ဘဝလောက်ကတည်းက ဆရာကင်မ့်ဆီက ဒီဖိုင်ကိုလက်ဖြန့်ပြီးတောင်းနေတာပါ .. အခု ကျွန်တော်မျိုးရဲ့လက်ကလေး အကြောသေတော့မလိုဖြစ်နေပါပြီ ဆရာသခင်ပါရမီရှင်ကြီး ကင်မ်ထယ်ယောင်းခင်ဗျားး"
တစ်ယောက်တည်း နားနေခန်းထဲ laptop တစ်လုံးနဲ့ မှတ်တမ်းတွေရေးပြီး နမ်ချွန်းမှာတစ်ခဏတာဆုံတွေ့ခဲ့တဲ့အချစ်ဦးကောင်လေးအကြောင်းအတွေးလွန်နေချိန် ရုတ်တရက်ဆန်ဆန်ပေါ်ထွက်လာပါသော အက်ကွဲနေတဲ့အသံဆိုးကြီးကြောင့် ထယ်ယောင်းရဲ့ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်တက်သွားရတယ်။
"ဘာဖြစ် .. ဆေးမိနေတာလား .."
နိုယွန်းဟာ ရယ်ကျဲကျဲနဲ့ ဘယ်လောက်ကြာကြာတတွတ်တွတ်တောင်းနေခဲ့မှန်းမသိတဲ့ ထယ်ယောင်းနံဘေးက အပြာရောင်ဖိုင်လေးကို သူ့ဘာသာလှမ်းယူကာ စနောက်နေတယ်။
"ဘာမှမဟုတ်ပါဘူး .. ဒီအတိုင်း အတွေးများသွားလို့ .."
"အတွေးများတယ်ဆိုကတည်းက ပြသနာရှိနေလို့ပဲ .. ပြောစမ်းပါဦး မင်းရဲ့ပြသနာကို .."
ပြောမပြချင်တာမဟုတ်ပေမဲ့လည်း တစ်ကြိမ်တစ်ခါကိုမှ မိနစ်အနည်းငယ်လောက်သာတွေ့မြင်လိုက်ရတဲ့ရည်းစားဟောင်းအပေါ် အလွန်အကြူးစွဲလမ်းနေမိတဲ့ကိုယ့်အဖြစ်ကိုယ် မလုံမလဲရှက်ရွံ့နေမိတုန်း အကြားအမြင်ဆရာတစ်ယောက်ရဲ့ဟောပြောချက်လိုမျိုး တိကျမှန်ကန်လွန်းလှတဲ့နိုယွန်းရဲ့စကားကိုကြားလိုက်ရတာမို့ ထယ်ယောင်းရဲ့ပါးပြင်နုနုလေး စွတ်စွတ်ထွေးအောင်နီမြန်းကုန်တော့တယ်။
"မဟုတ် .. မဟုတ်ပါဘူး .. ငါ့ပြသနာမဟုတ်ဘူး .. ဟိုဟာကွာ .. ဘယ်လိုပြောရမလဲ .. ငါ့သူငယ်ချင်း .. အဲ .. သူငယ်ချင်းလောက်မရင်းနှီးတဲ့မိတ်ဆွေပေါ့ .. အဲဒီတစ်ယောက်ရဲ့ပြသနာ .."
နိုယွန်းဆီက မသင်္ကာဟန်အရိပ်အယောင်တစ်ချို့ကို လက်ခံလိုက်ရပြီး နေမထိထိုင်မသာဖြစ်စွာပင် မျက်ဝန်းတွေရဲ့လားရာကို ဟိုဟိုဒီဒီလွှဲပြောင်းလိုက်ရတယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..