Unicode
ကန့်သတ်ချက်သည် ခြောက်ပေကွာ
"ဟုတ်တယ် .. တွဲနေတာလေ .. အဲဒါဘာပြသနာရှိလို့လဲ .."
အပိုင်းဆက်ရှည်ဒရမ်မာဇာတ်လမ်းတွေထဲက မျိုးရိုးမြင့်လူကုန်ထံအိမ်ကြီးရှင်တစ်ယောက်နှယ် ဆိုဖာထက်ဝယ်ခြေတံရှည်နှစ်ချောင်းကိုချိတ်တွဲရင်းကျော့ကျော့မော့မော့ထိုင်ကာ ဒေါသတွေနဲ့ပြည့်နှက်နေပါသောစစ်ဆေးရေးမှူးကင်မ်အွန်းယောင်းကို မေးဆတ်ပြလိုက်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းရဲ့ဦးခေါင်းတွေကျိန်းစက်ကိုက်ခဲသွားရတယ်။
မင်းပြောတဲ့ ညှိနှိုင်းပေးမယ်ဆိုတာ ဒီလိုပုံစံမျိုးကြီးနဲ့လား ....
"ဘာလို့ပြသနာမရှိရမှာလဲ .. အကို့မှာ ထယ်ထယ်နဲ့တွဲပိုင်ခွင့်မရှိဘူး .."
"ရှိတယ် .."
"ဘယ်သူ့သဘောနဲ့လဲ .."
"ထယ်ယောင်းနဲ့ အကို့ရဲ့သဘော .."
ရုတ်တရက်ဆန်စွာပင် ဒေါကြီးမောကြီးထကိုက်ကြတဲ့ရည်းစားလေးနဲ့အင်းခွေးပေါက်စကြောင့် ထယ်ယောင်းမှာ ဘယ်လိုဖျန်ဖြေလို့ဖျန်ဖြေပေးရမှန်းမသိတော့ဘဲ ခြေကားယားလက်ကားယားဖြစ်ကုန်ရတယ်။
"ယော်ကျားလေးတွေလေ .. ယော်ကျားလေးအချင်းချင်း ဘယ်လိုလုပ်ပြီး .."
အွန်းယောင်းဟာ အလွန်တရာကိုမှစိတ်ပူပန်နေရသလိုမျိုး သက်ပြင်းကျယ်ကျယ်ချကာ ယူကြုံးမရနိုင်သည့်နှယ် သူ့မျက်နှာသူ လက်ဖဝါးတွေနဲ့ဖိပွတ်လို့ ထယ်ယောင်းအစားသောကဝေနေပါတော့တယ်။
"ယော်ကျားလေးချင်း ချစ်လို့ရတယ် .."
ဂျောင်ကုရဲ့မကျေနပ်ချက်အချို့ပျော်ဝင်နေသော ငြင်းဆန်ခြင်းကို အွန်းယောင်းက ဘယ်လိုမှလက်မခံနိုင်တဲ့ပုံနဲ့ ခေါင်းတသွင်သွင်ခါတယ်။
"ဒါဆို ပြောကြည့်စမ်းပါဦး .. ဒီသဘာဝမကျတဲ့ဆက်ဆံရေးကြီးက ဘယ်အချိန်အထိမြဲနေနိုင်မှာလဲ။ အကိုက မိန်းမမယူတော့ဘူးလား .."
"အင်း .. မယူဘူး .. အကို့အတွက်တော့ ထယ်ယောင်းကိုပဲ လိုတယ်"
ပြတ်သားလွန်းနေတဲ့စကားအတွက် အွန်းယောင်းရဲ့တစ်ခုတည်းသောတုံ့ပြန်ခြင်းဟာ ဟားတိုက်ခြင်းအချို့ပျော်ဝင်နေတဲ့လှောင်ရယ်သံနဲ့ ရယ်မောနေတာသာလျှင်ဖြစ်ပါတယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..