အပိုင်း - ၁၈

2.5K 309 39
                                    

Unicode

It's OK because of YOU

"ကဲ .. ဒါဆို အတန်းကို ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတော့မယ် .. ဒီနေ့သင်ထားတဲ့စာတွေ မနက်ဖြန်ပြန်မေးမှာမို့ အားလုံးကျက်လာခဲ့ကြပါ .."

"အထက်တန်းကျောင်းတုန်းကစကားတွေကို ဘာလို့များ တက္ကသိုလ်ရောက်တဲ့အထိ နားထောင်နေရတာလဲမသိဘူး .."

မေ့ဆေးပိုင်းဆိုင်ရာကို အထူးတလှယ်သင်ကြားပေးတဲ့ ပါမောက္ခရဲ့စကားကို ခပ်တိုးတိုးတုံ့ပြန်လိုက်တဲ့ဂျင်ဝန်းကြောင့် ကြိတ်အူမြူးနေကြတဲ့ထယ်ယောင်းတို့မှာ မနေနိုင်တော့စွာပင် တခွီခွီထိုင်ရယ်မိကြတယ်။

"ပြီးရင် ရှိပါသေးတယ် .. ဝင်ခွင့်မဖြေခင်တုန်းကဆို မင်းတို့တွေအခုအချိန်လေးပဲ စာတွေအရမ်းကျက်ရမှာ။ တက္ကသိုလ်ရောက်တဲ့အခါ ဘာစာမှကျက်စရာမလိုတော့ဘူး .. အတန်းလစ်ချင်လစ်၊ ရည်းစားထားချင်ထား အကုန်လုပ်လို့ရပြီဆိုပြီး .. အလကား အပိုစာသား .. ဂျင်းတွေ မိဿလင်တွေ။ တစ်ကယ်တမ်းကျ ကျက်လိုက်ရတဲ့စာဆိုတာ ဧဝရတ်တောင်ကြီးလောက်ရှိတယ် .. ရည်းစားကလည်း ဘာမှမရ .."

"အဲဒါ မင်းသောက်သုံးမကျလို့ပေါ့ .."

ခဲနဲ့အပေါက်ခံလိုက်ရတဲ့ခွေးတစ်ကောင်လို တအီအီညည်းညူနေတဲ့ဂျင်ဝန်းကို နည်းနည်းပါးပါးခနဲ့ပေးလိုက်တယ်။ ကိုယ့်မှာက ရည်းစားရှိတော့ ဝမ်းနည်းစိတ်ဓာတ်ကျစရာမလိုတော့ဘူးလေ။

"ကင်မ်ထယ်ယောင်း .."

"ဟုတ်ကဲ့ပါဆရာ .. ကျွန်တော်ရှိပါတယ် .."

အနောက်ဘက်ချောင်းကျကျနေရာမှာ ကမျင်းကြောထနေရင်း ပါမောက္ခဆီက ခေါ်ဆိုသံတစ်ခုကိုကြားလိုက်တာမို့ မျက်နှာပိုးသတ်လို့ အမိန့်ရတပ်သားတစ်ယောက်လို သတိအနေအထားဖြင့်ပြန်ထူးပြီး ဟန်ဆောင်ပန်ဆောင်နေပြလိုက်ရတယ်။

"ရှိတယ်ဆို လာခဲ့ပါဦး .. ဆရာ့ကို စာအုပ်လေးသွားပို့ပေးလို့ရမလား .."

သုံးယောက်သားမျက်လုံးချင်းစုံကာ ဘာဆက်လုပ်ရမလဲမသိတော့အောင်ဖြစ်သွားရတယ်။

တစ်ကယ်ဆို ပါမောက္ခထွက်သွားတဲ့ကြားလယ်ကာလလေးမှာ နောက်ထပ်အတန်းချိန်မစခင် နေ့တစ်၀က်ကျောင်းပြေးဖို့အတွက် ထယ်ယောင်းတို့သူငယ်ချင်းတစ်သိုက် တိုင်ပင်ထားခဲ့ကြတာ။ အခု ပါမောက္ခခိုင်းတဲ့စာတမ်းကိုသာသွားပို့ပေးနေရင် ကြံစည်ထားတဲ့ရည်ရွယ်ချက်ကြီးက လုံးဝပျက်စီးသွားရတော့မှာပဲ။

A Soap Bubble (Complete)Where stories live. Discover now