Unicode
ဆူညံတတ်တဲ့ကောင်လေး
ဘူဆန်ကနေ နမ်ချွန်းကိုပြောင်းရွှေ့လာကာစ (၁၉၉၉) ခုနှစ်ရဲ့ဆောင်းဦးရက်တွေမှာ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်၊ မရင်းနှီးသေးတဲ့အငွေ့အသက်တွေနဲ့ မရင်းနှီးသေးတဲ့လူတွေကြား နေသားကျဖို့ခဲယဉ်းနေတဲ့ဂျောင်ကုဟာ နမ်ချွန်းမြို့ရဲ့အတိတ်ဆိတ်ဆုံးကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ်။
မိုးလင်းကနေမိုးချုပ်အထိ မကျဉ်းမကျယ်အခန်းငယ်ကလေးထဲမှာပဲ ကိုယ်ပိုင် mp3 စက်ကလေးနဲ့သီချင်းနားထောင်လိုက်၊ ကာတွန်းစာအုပ်တွေဖတ်လိုက်၊ စာတွေချည်းကုန်းရုန်းလုပ်လိုက်နဲ့ ထပ်တူညီတဲ့နေ့ရက်တွေကို ထပ်ကာတလဲလဲကျင်လည်ဖြတ်သန်းနေတဲ့ဂျောင်ကုရဲ့ပုံစံအပေါ် အပေါင်းအသင်းတွေကြားဝင်ဆံ့စေချင်တဲ့အဖေကတော့ သိပ်ပြီးသဘောကျပုံပြခဲ့တာမဟုတ်ချေ။
အနက်ရောင်မျက်မှန်ကိုင်းကြီးကိုပင့်တင်လို့ မပြုံးမရယ်မျက်နှာပေးနဲ့ အတန်းရဲ့ပြတင်းပေါက်နေရာမှာကပ်တွယ်နေတဲ့ဂျောင်ကုကိုလည်း တကူးတကကြီးအပေါင်းအသင်းလုပ်ဖို့လာခေါ်တဲ့လူ မရှိခဲ့ပါဘူး။
ကာယချိန်တွေ၊ နေ့လယ်ခင်းထမင်းစားချိန်တွေမှာလည်း သူဟာ ဘူဆန်မှာကျန်ရစ်ခဲ့တဲ့သူငယ်ချင်းဟောင်းတွေကိုသာတမ်းတရင်း အထီးကျန်ဆန်ခြင်းဆိုသောစကားလုံးနဲ့သာပေါင်းသင်းခဲ့ရပါတယ်။
မေမေလေးကတော့ အပြင်တွေဘာတွေထွက်ပြီး အတန်းထဲကလူတွေနဲ့မိတ်ဖွဲ့ခိုင်းပေမဲ့ မလိမ်တမ်းဆိုရရင် တစ်အိမ်တည်းအတူနေကြသူတွေဖြစ်တဲ့ အဖေနဲ့ဂျောင်ကုရဲ့ဆက်ဆံရေးကတောင်မှ စိတ်ပျက်စရာကောင်းလောက်အောင်အေးခဲနေတာပဲလေ။
စကားပြောဖို့ကြိုးစားတိုင်း တစ်ယောက်မျက်နှာတစ်ယောက်တောင်မကြည့်နိုင်ဘဲ ငြိမ်သက်နေခဲ့ရတဲ့ဖြစ်ရပ်တွေမှာ ခံစားချက်တွေနွေးထွေးလာအောင် ဘယ်လိုများပြန်ကြိုးစားရပါ့မလဲလို့တွေးရင်း သူဟာ အထီးကျန်ခြင်းတွေရဲ့လှိုက်စားမှုဒဏ်ကြောင့် တဖြည်းဖြည်းပိုကာတိတ်ဆိတ်လာရတယ်။
အဲဒီဆူညံတတ်တဲ့ကောင်လေးကို မတွေ့ခင်အထိပေါ့။
"မာမား .. အွန်းလေးက ထယ်ထယ့်မုန့်ကိုယူစားသွားပြန်ပြီ .. အီးဟီး .."
YOU ARE READING
A Soap Bubble (Complete)
Fanficဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..