Unicode
ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလေ
"ဟော .. ထယ်ထယ် .. သူငယ်ချင်းကိုလာခေါ်တာလား .."
ကြားလိုက်ရတဲ့ ကြည်လင်ချိုသာလှပါသော အသံအေးအေးလေးကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ထယ်ယောင်းရဲ့ခြေလှမ်းလေးတွေရပ်တန့်သွားပြီး မာမားပြင်ပေးလိုက်တဲ့မနက်စာထမင်းဘူးလေးကို လက်ထဲကိုင်ထားရင်းမှ တစ်ဖက်လူမမြင်အောင် လွယ်အိတ်ထဲ အလျင်အမြန်ထိုးထည့်လိုက်မိတယ်။
"ဟုတ်တယ် မမ .. ဂျောင်ကုက ဒီနေ့ နောက်ကျနေလို့ .."
ထယ်ယောင်းတို့ထက် အသက် (၁၀) နှစ်ကျော်ကျော်လောက်ကြီးတဲ့ ဂျောင်ကုရဲ့မေမေလေးဖြစ်သူ မမဂျူအွန်းဟာ မနက်ခင်းရေအေးတွေရဲ့ဖြန်းပက်ခြင်းကိုခံထားရတဲ့ ခြံဝန်းထဲက ပန်းပင်ကလေးတွေလိုမျိုး အေးချမ်းလှပလွန်းတဲ့အပြုံးလေးတစ်ပွင့်နဲ့ ထယ်ယောင်းကိုနှုတ်ခွန်းဆက်တယ်။
"မနက်စာ စားပြီးပြီလား .. မစားရသေးရင် တစ်ခါတည်းဝင်စားသွားပါလား .. မမပြင်ထားပြီးပြီရယ် .. ထယ်ထယ့်သူငယ်ချင်းကတော့ မနက်အိပ်ရာထနောက်ကျလို့ အခုမှ အသည်းအသန်ပြင်ဆင်နေတယ်။ ခဏနေရင် ဆင်းလာတော့မှာပါ .."
ထမင်းစားစားပွဲဝိုင်းဘက်လှမ်းကြည့်လိုက်တော့ ဂျောင်ကုရဲ့အဖေဖြစ်သူကလည်း ဂျောင်ကုနည်းတူပင် အနက်ရောင်ကိုင်းတပ်မျက်မှန်နဲ့ သတင်းစာထဲအာရုံရောက်နေပုံရတယ်။
"ဦးလေး .. မောနင်းပါဗျ .."
ချစ်စဖွယ်အပြုံးလေးကိုမျက်နှာထက်ချိတ်ဆွဲလို့ အသံကျယ်ကျယ်နဲ့နှုတ်ဆက်တော့မှ ဂျောင်ကုအဖေရဲ့အာရုံတွေက ထယ်ယောင်းဆီကိုရောက်လာပြီး ....
"ထယ်ထယ်ပါလား .. ဂျောင်ကုကိုလာခေါ်တာထင်တယ် .."
ထယ်ယောင်းရဲ့ရွှင်ပျနေတဲ့အပြုံးလေးမှာ အချိုဓာတ်နည်းပါးလှသောလိမ္မော်သီးတစ်မွှာကိုစားလိုက်ရသလိုမျိုး ချဉ်တင်တင်ဖန့်တန့်တန့်ဖြစ်သွားရတယ်။
Veterinary Medicine ကျောင်းသားတစ်ဦးဖြစ်တဲ့အပြင် ကောင်စီအဖွဲ့ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ တည်ကြည်ကြည်ပုံစံကိုဟန်ဆောင်လို့ တော်စပ်ဖို့ရာခိုင်နှုန်းအောက်ဆုံးရောက်နေတဲ့ ယောက္ခထီးကြီးကို ဝင်လုံးမယ်ဆိုတဲ့အတွေးဟာ ဂျောင်ကုအဖေရဲ့နှုတ်ဖျားမှာပါ စွဲမြဲသွားတဲ့ 'ထယ်ထယ်' ဆိုသော နာမ်စားဂယက်ကြီးကြောင့် လမ်းတစ်ဝက်တောင်မရောက်လိုက်ဘဲ ပျောက်ချင်းမလှပျောက်ဆုံးသွားတော့တယ်။
![](https://img.wattpad.com/cover/362911687-288-k887242.jpg)
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..