အပိုင်း - ၈

2.6K 328 63
                                    

Unicode

ချစ်ခြင်းတရားရဲ့ချိုမြိန်ခြင်း

အချစ်ဆိုတဲ့ခံစားချက်ကိုစတင်သိရှိနားလည်ချိန်အခါတုန်းက ထယ်ယောင်းဟာ ဘာမထီတဲ့မျက်ဝန်းနက်တွေနဲ့ ကောင်းကင်ကြီးပေါ်မျက်နှာအပ်ရင်း 'သောက်ရေးမပါတာ' လို့ အကြိမ်ကြိမ်အခါခါရေရွတ်ခဲ့ဖူးတယ်။

'သောက်ရေးမပါတာ ..' တဲ့လား

အင်း .. ခပ်ရိုးရိုးဘဝမှာနေသားကျနေတဲ့ထယ်ယောင်းအတွက်တော့ ယော်ကျားတစ်ယောက်ကိုချစ်မိခြင်းက အမှန်တစ်ကယ်ကိုပင် ရှက်ရွံ့ပူလောင်ဖွယ်ရာ သောက်ရေးမပါသောကိစ္စရပ်ကြီးတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

ကန့်သတ်ချက်စည်းမျဉ်းတွေကို ကျော်လွန်ထားတဲ့ထယ်ယောင်းရဲ့သာမန်မဆန်သောအချစ်က နောင်တစ်ချိန်မှာ ဟားတိုက်ပစ်ချင်စရာဟာသတစ်ပုဒ်ဖြစ်နေလောက်မယ်လို့လည်း တွေးတောယုံကြည်ထားမိခဲ့ဖူးတယ်။

ဒါတွေက သူနဲ့ရင်းနှီးဖို့ အကြောင်းမဖန်ခင်အထိ ကိုယ့်စိတ်ကိုယ်ပြန်သတ်ဖို့ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေလို့ပြောရင် မှားလောက်မယ်မထင်ပါဘူး။

အခုတော့ အချစ်ဦးကောင်လေးအပေါ် ဖွင့်ပြောဖို့မဖြစ်နိုင်ခဲ့ရင်တောင် ရှောင်ဖယ်မနေဘဲ ချစ်ကြည့်ချင်တယ်။

"မာမား .. သားမနက်စာကို သူငယ်ချင်းနဲ့အတူစားချင်လို့ .. အဲဒါလေ .."

ဆံနွယ်လေးကို ရှက်ဝဲဝဲဟန်နဲ့ဖိသပ်ပြီး မာမားအနားကပ်တိုးလေးချွဲနွဲ့လို့ပြောမိတဲ့အခါ မာမားဆီက စူးစမ်းခြင်းမမည်သောမျက်စောင်းအချို့ တစ်ဆက်တည်းပျံတက်ဝဲလွင့်လာတယ်။

"ဘယ်ကကောင်မလေးနဲ့လဲ ထယ်ထယ် .."

ထင်သည့်အတိုင်းကိုပင် ပုလိပ်စစ် စစ်လာပြီမို့ မျက်နှာထားကိုချက်ချင်းတည်ချလိုက်ပြီး ....

"ကောင်မလေးမဟုတ်ပါဘူးမာမားရာ .. သူငယ်ချင်းအသစ်ပါ .."

"ဘယ်တုန်းကများ လက်ပေါက်ကပ်တဲ့ထယ်ထယ်က သူငယ်ချင်းအသစ်ရသွားတာပါလိမ့် .."

စနောက်သလိုလေးကျီစယ်လာတော့ ဟန်လုပ်ထားသမျှကွယ်ပျောက်ကုန်ပြီး ခပ်ချိုချိုရယ်ချလိုက်ကာ မားမားရဲ့ခန္ဓာကိုယ်လေးကို အနောက်ကနေထွေးဖက်လို့ ပခုံးတန်းသေးသေးလေးပေါ်မေးတင်ရင်း ....

A Soap Bubble (Complete)Where stories live. Discover now