Unicode
အချစ်အတွက် ဖြည့်စွမ်းခြင်း
"ကင်မ်ထယ်ယောင်း .. အခုချက်ချင်းအိပ်ရာကထစမ်း .. မနက် (၁၀) နာရီပဲထိုးနေပြီကို ဘယ်အချိန်အထိ အသေကောင်လိုအိပ်နေဦးမှာလဲ .."
နွေကျောင်းပိတ်ရက်ရဲ့ပထမဆုံးမနက်ခင်းလေးဟာ ကာလနဂါးဝင်စားတဲ့ထယ်ယောင်းကို အတင်းအကြပ်နှိုးနေပါသောမာမားရဲ့အသံကြောင့် ကြည်ရွှင်မှုတွေနဲ့ပြည့်နှက်နေရမဲ့အစား ဆူညံပွက်လောတွေသာရိုက်နေပါတယ်။
အရင်တုန်းကလို စောင်ကို ခေါင်းမူးခြုံပြီး မသိချင်ယောင်ဆောင်ကာ ဆက်အိပ်လည်းရမယ်လို့ထင်လိုက်မိပေမဲ့ ထယ်ယောင်းအကြောင်း နောကျေနေတဲ့မာမားက ပြတင်းပေါက်တံခါးနဲ့ခန်းစီးလိုက်ကာစကို အလျင်အမြန်ဆွဲဖွင့်ပြီး ထယ်ယောင်းရဲ့အိပ်ချင်စိတ်တွေပြယ်လွင့်အောင် မရမကကြိုးပမ်းနေတော့တယ်။
"သားတော့ ဒုက္ခရောက်ပြီထင်ပါတယ်မာမားရယ် .."
လျှောကျနေတဲ့စောင်အပါးကလေးကို ရင်ဘတ်နားအထိပြန်လည်ဆွဲတင်ကာ ညည်းညူညူပြောမိတော့ မာမားရဲ့မျက်ခုံးတန်းလေးပင့်တက်သွားတယ်။
"ပြောကြည့်စမ်းပါဦး .. ဘာတွေဒုက္ခရောက်မှာလဲ"
"သားလေ .. အိပ်ရာထနည်းကိုမသိတော့ဘူး။ အိပ်တဲ့နည်းပဲသိတော့တယ် .."
ကျိန်ဆဲသံအချို့ တစ်ပါတည်းထွက်ပေါ်လာပြီး ကျောပြင်တစ်ခြမ်းမှာ မာမားလက်သံကြောင့်ထူပူကုန်တော့တယ်။
"အ .. နာတယ်လို့ဆို .."
"သားလေးရယ် .. ထပါတော့ကွယ် .. မဟုတ်ရင် မင်းအမွှေးတွေကို မာမားဆွဲနှုတ်မိတော့မယ်"
မာမားဟာ ဘီလူးစီးသလိုကြမ်းရမ်းနေရာမှ နတ်မိမယ်လေးတစ်ပါးချော့မြှူနေသည့်နှယ် လေပြေအေးတိုက်ကွက်တွေကိုထုတ်သုံးနေတာမို့ ငိုက်တိုက်တိုက်မျက်ဝန်းက မသိမသာပြူးကျယ်လာတယ်။
မဖြစ် .. ဒါက နောက်ဆုံး သတိပေးချက်ပဲ။
ဆက်အိပ်နေရင် တစ်ကယ်ကြီး အမွှေးတွေအကုန် အနှုတ်ခံရမဲ့ကိန်းမှာရှိတယ်။
"တောင်းပန်ပါတယ်ဗျ .. ထပါပြီဗျ .."
အလိုက်သင့်လေး လှဲအိပ်နေရာကနေ ထထိုင်လိုက်တော့ မာမားတစ်ယောက်ကျေနပ်စွာပင် ချက်ချင်းပြုံးရယ်လာပြီး ....
YOU ARE READING
A Soap Bubble (Complete)
Fanficဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..