အပိုင်း - ၃၇

2.5K 265 48
                                    

Unicode

မေတ္တာဒွန်တွဲ ခိုင်ခိုင်မြဲ

တိုက်ခန်းတံခါးကိုတွန်းဖွင့်လိုက်ချင်းချင်း အေးတိအေးစက်အငွေ့အသက်တို့ရဲ့ရိုက်ခတ်ခြင်းကိုခံစားလိုက်ရတယ်။

အနည်းငယ်ကြောင်စီစီဖြစ်ချင်နေတဲ့ စမတ်ဟန်းဖုန်းလေးထဲမှာတော့ နေ့လယ်သုံးနာရီလောက်ကတည်းကပို့ထားပုံရပါသော 'ဒီနေ့ နည်းနည်းနောက်ကျမယ်' ဆိုတဲ့ သူ့ရဲ့ယတိပြတ်စာတစ်စောင်ကို တွေ့မြင်လိုက်ရတယ်။

သို့သော်ငြားလည်း ချက်ချက်လက်ငင်းပိတ်ကျတော့မယောင်ဖြစ်‌နေတဲ့မျက်ခွံတွေကြောင့် တီတီတာတာချစ်စကားလေးတွေတောင်မပြောနိုင်တော့ဘဲ 'ငါပြန်ရောက်ပြီ' ဆိုတဲ့စာတစ်ကြောင်းကိုသာပို့လိုက်ကာ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ ဖိနပ်ကိုတကွဲတပြားစီချွတ်လိုက်ရင်း ဆိုဖာပေါ်ဘုန်းခနဲလှဲချပြီး ခဏတဖြုတ်အနားယူဖို့ကြိုးစားခဲ့မိတယ်။

ဥတုနွေရဲ့ပူအိုက်မှုက ခန္ဓာတွင်းကသွေးတွေကို ပွက်ပွက်ဆူစေလောက်နိုင်လောက်တဲ့အထိ ပြင်းထန်လွန်းနေတယ်။ အသက်တစ်ချက်ရှိုက်လို့ ပန်ကာလေးဖြစ်ဖြစ်ထဖွင့်ဖို့ပြင်လိုက်ပေမဲ့ ဟန်မဆောင်နိုင်လောက်အောင် ပျောက်ဆုံးနေတဲ့ကိုယ်ခံအားတွေက ထယ်ယောင်းကိုလက်ကလေးတစ်ချောင်းတောင် မလှုပ်စေချင်တော့သည့်နှယ် ဆိုဖာထက်ဝယ်သာ ငြိမ်သက်လေစေပါတယ်။

ဒီတစ်လောအတွင်း ထယ်ယောင်းသေချာအိပ်မပျော်နိုင်တာ သုံးရက်နီးနီးရှိနေခဲ့ပါပြီ။

ပေါ့ဆမီးရဲ့ရိုက်ခတ်ခြင်းကြောင့် ရာနဲ့ချီသောအစွန့်ပစ်ခံတိရစ္ဆာန်လေးတွေကိုကာကွယ်စောင့်ရှောက်ပေးထားတဲ့ဂေဟာတစ်ခုမီးလောင်ကျွမ်းသွားပြီး ထယ်ယောင်းတို့ဆေးခန်းကဆရာဝန်တိုင်းဟာ ဂေဟာကကလေးတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်နဲ့၊ ထိန်းသိမ်းပေးထားရတဲ့ အပေါ်ဆုံးထပ်က ကလေးတွေအတွက် တာဝန်မလစ်ဟင်းစေဖို့ရာ လုံးပန်းခဲ့ရတာမို့ ရှေ့ရက်တွေတုန်းကဆို ထယ်ယောင်းတစ်ယောက် အိမ်တောင်ပြန်မလာနိုင်ခဲ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဦးကောင်လေးကတော့ သူရဲ့ဂျူတီချိန်တွေနဲ့အိမ်ပြန်ချိန်တွေကို ထယ်ယောင်းဆီ အမြဲတစေမက်ဆေဂျ့်ပို့ကာ သံတော်ဦးတင်တတ်ပြီး၊ ထယ်ယောင်းအလုပ်ပျက်မှာစိုးကြောက်တာမို့ထင် .. ဖုန်းတော့တော်ရုံသိပ်မဆက်ပါချေ။ 

A Soap Bubble (Complete)Where stories live. Discover now