အပိုင်း - ၁၂

2.6K 302 127
                                    

Unicode

I Knew I Loved You

"လုပ်ပါအကိုရယ် .. ကျွန်တော့်ကို အလုပ်ပေးပါနော် .. နော်လို့ .."

29 store ဆိုင်ပိုင်ရှင်အကိုကြီးရဲ့စွပ်ကျယ်အင်္ကျီကို အတင်းအကြပ်တွေဆွဲလွဲပြီး စတိုးဆိုင်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ်အလုပ်ခန့်ဖို့တောင်းဆိုနေတဲ့အခါ ဟိုအရင်ကတည်းက ထယ်ယောင်းတို့နဲ့သိကျွမ်းလာခဲ့တဲ့ ကပ်စေးကုပ်ကြီးဂန်ဘုံဆော့ဟာ ငွေထွက်ပေါက်ကိုမြင်သွားပြီး ချက်ချင်းလက်ငင်းကိုပင် မျက်နှာရှုံ့မဲ့သွားတော့တယ်။

"မရဘူးဟေ့ကောင် .. ငါ့ဆီမှာ အလုပ်သမားရှိပြီးသားကွ .. မင်းကို ဘာကိစ္စထပ်ခန့်ရမှာလဲ .."

မျက်ရည်ခံထိုးကာ အောက်နှုတ်ခမ်းလေးကိုထော်ထုတ်လို့ ချစ်စဖွယ်ကောင်းအောင်ပြုမူလည်း ဆရာသမားကတော့ဖြင့် ငမွှေထိုးထယ်ယောင်းတစ်ယောက် သူ့ဆိုင်ထဲမဝင်ဖို့အရေး အတင်းအကြပ်အားထုတ်လို့ကြိုးပမ်းနေပါတော့တယ်။

"ငါက မင်းအကွက်တွေထဲ ထပ်ပြီးဝင်မယ်များထင်နေလား .. လစ်စမ်းကွာ .."

"မလစ်ဘူး .. မလစ်ဘူး .. ကျွန်တော့်ကိုအလုပ်မပေးမချင်း မလစ်နိုင်ဘူး"

ပါပါးရဲ့ရှပ်အင်္ကျီဖြူပွပွကြီးကိုမှားဝတ်မိလာတဲ့ထယ်ယောင်းဟာ အချစ်ဦးကောင်လေးနဲ့နီးစပ်ရဖို့အရေး ရှက်ကြောက်စိတ်တွေလည်းမရှိတော့ပါဘဲ လမ်းမ‌ပေါ်မှာဖြစ်လင့်ကစား အကိုဘုံဆော့ရဲ့လက်မောင်းကြီးကိုဖက်တွယ်ကာ အရုပ်မရတဲ့ကလေးတစ်ယောက်လိုမျိုးဂျစ်တိုက်တော့ အကိုဘုံဆော့က ထယ်ယောင်းရဲ့နှဖူးကိုတစ်ချက်တောက်ချကာ ဦးခေါင်းကိုလည်းတွန်းထုတ်ပြန်တယ်။

"ငါ့ဆိုင်မှာ တစ်ကယ်အလုပ်သမားမလိုတော့ဘူးလို့ဆိုနေ .."

"လိုလိုက်စမ်းပါအကိုရာ .."

"မင်းကိုခေါ်လည်း အချိန်ပိုင်းအလုပ်သမားတစ်ယောက်စာအတွက် ပိုက်ဆံပိုကုန်ရုံပဲရှိမှာ .. အခု နေ့လယ်ပိုင်းအသစ်ဝင်လာတဲ့ကောင်လေးက ငါဘာမှတောင်အပိုပြောစရာမလိုတဲ့အထိ သိပ်တော်တာကွ .."

ထယ်ယောင်းရဲ့မျက်ဝန်းညိုကလေးတွေ လက်ခနဲအရည်လဲ့တောက်သွားတယ်။

A Soap Bubble (Complete)Where stories live. Discover now