Unicode
သက်ဆုံးတိုင်အထိ အမြဲအတူ
"ခွေးသူတောင်းစား ကင်မ်ထယ်ယောင်း .. မင်းတော်တော်ကျက်သရေယုတ်တဲ့ကောင်ပဲ .. မင်းနဲ့အုပ်ကြီး ဘူဆန်ကိုအတူသွားတာ ငါတို့ကိုတောင်မခေါ်ဘူးနော်။ သစ္စာဖောက်ကောင် .. မေတ္တာတုန်းစရာကောင်းတဲ့ကောင် .."
ဂျင်၀န်းရဲ့ပစ်ပစ်နှစ်နှစ်ဆဲဆိုခြင်းတွေအပေါ် ကျောင်းရှေ့မှာ၀ယ်ထားတဲ့ အအေးတစ်ခွက်ကိုဇိမ်ယူသောက်ရင်း ပခုံးလေးတွန့်ပြီးသာတုံ့ပြန်လိုက်တော့ သူငယ်ချင်းနှစ်ကောင်ရဲ့မကျေနပ်ခြင်းတို့ပျော်၀င်နေသော အကြည့်စူးစူးတွေကို လက်ခံလိုက်ရတယ်။
"သက်ဆိုးမရှည်မဲ့ကောင် .."
"ဗေဒင်ဆရာက ဟောထားတယ် .. ငါ့အသက်လမ်းကြောင်းက အရှည်ကြီးပဲတဲ့ .."
ဆရာ၀န်လောင်းလေးကိုရည်းစားတော်ထားရတာမို့ ဖင်ခေါင်းကျယ်စွာပင် လျှာထုတ်ပြောင်ပြရင်းစနောက်ရခြင်းအပေါ် ထယ်ယောင်းအလွန်တရာမှသဘောတွေ့နေမိတယ်။
"ဂျောင်ကုနဲ့ခင်ပြီးကတည်းက မင်းမျက်လုံးထဲမှာ ငါတို့မရှိတော့ဘူး .. မင်း ငါတို့ကို အရင်ကလောက် မခင်တော့ဘူးမဟုတ်လား .."
နိုယွန်းရဲ့တစ်ဖက်သတ်ဆန်တဲ့စွပ်စွဲချက်ပြင်းပြင်းကြောင့် စိတ်ထဲဒေါကန်သွားရကာ ရယ်မြူးနေမိရာမှ ချက်ချင်းလက်ငင်းမျက်မှောင်ကျုံ့ပစ်လိုက်ပြီး ....
"ဟ .. ဘာဆိုင်လဲကွ .. ဂျောင်ကုက ဂျောင်ကု .. မင်းတို့က မင်းတို့လေ .."
"ဘာလို့မဆိုင်ရမှာလဲ .. အရင်တုန်းက ဂိမ်းဆော့ဖို့လာခေါ်ရင် ခွေးလေးအမြှီးနန့်သလို မင်းအမြဲတမ်း ငါတို့နောက်လိုက်လာနေကျ .. အခု ငါတို့ခေါ်ရင် ဂျောင်ကုနဲ့ချိန်းထားတာရှိလို့ .. ဂျောင်ကုဆီခဏသွားရမှာမို့လို့နဲ့ အမြဲရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်"
"မဟုတ်ဘူးလေ နိုယွန်းရာ .. ငါက .."
ပြန်ချေပဖို့ကြံစည်လိုက်ကာမှ ဂျောင်ကုနဲ့စတွဲတဲ့အချိန်ကတည်းက အခုအထိ တစ်ကယ်ကိုပင် နိုယွန်းပြောသလိုလုပ်ခဲ့မိတာမို့ နှုတ်ခမ်းပါးထက်က စကားလုံးတွေ လျော့တိလျော့ရွဲပျောက်ဆုံးသွားကုန်တယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..