အပိုင်း - ၂၅

2.1K 250 41
                                    

Unicode

လွန်သည့်ကမ်းက လှိုင်းတံပိုး

ရုပ်ရှင်ရုံရဲ့အမှောင်ဓာတ်ကြား တစတစပျံ့နှံ့လာတဲ့ချမ်းစီးစီးနိုင်သောအဲကွန်းလေကြောင့် ပိတ်ကားချပ်ပေါ်မှာ နစ်မြုပ်သွားတဲ့သင်္ဘောကြီးကိုကြည့်ရင်း စိမ့်ထွက်လာတဲ့မျက်ရည်စတွေကိုသုတ်လို့ အချစ်ဦးကောင်လေးရဲ့ရင်ခွင်ကျယ်ကြီးထဲ မျက်နှာအပ်လိုက်မိတယ်။

"သေကုန်ပြီ .. အီးဟီး .."

ထယ်ယောင်းအပါအ၀င် ရုပ်ရှင်ရုံထဲကလူတိုင်းရဲ့ ငိုသံတွေအပြင် ပိတ်ကားချပ်ပေါ်က အော်ဟစ်သံတွေကိုလည်း ပြတ်ပြတ်သားသားကြားနေရပြန်ပါသေးတယ်။

"မငိုနဲ့လေကွာ .. ဒါပထမဆုံးကြည့်တာလည်းမဟုတ်ဘဲနဲ့ .."

Titanic ကို အသည်းစွဲကြိုက်တဲ့ဂျောင်ကုကြောင့် ဒီရုပ်ရှင်ကားကို ခုနှစ်ကြိမ်မကတော့အောင် ထပ်တလဲလဲကြည့်ဖူးခဲ့တာမှန်ပေမဲ့ သင်္ဘောမှောက်တဲ့အခန်းရောက်ရင် ထယ်ယောင်းဟာ မျက်ရည်ထိန်းသိမ်းနိုင်မှုအရာမှာ အားနည်းနေဆဲပါပဲ။

"ငါနောက်တစ်ခါ ဒီကားကို ဘယ်တော့မှမကြည့်တော့ဘူး .. အီးဟီး .. သနားပါတယ် .. Jack က ရေထဲမြုပ်သွားတော့မယ် .."

နှုတ်ခမ်းဖူးဖူးလေးရဲအစ်သွားတဲ့အထိ သွားတန်းဖွေးဖွေးနဲ့ဖိကိုက်လို့ တအီအီရှိုက်နေတဲ့ထယ်ယောင်းကို ဂျောင်ကုကအကြင်နာပိုစွာပင် ထွေးထွေးဖက်ဖက်နဲ့နှစ်သိမ့်ပေးနေပါတယ်။

"ရှူး .. ရှူး .. မငိုနဲ့ .. တိတ်တော့ .. အပြန်ကျရင် ရေခဲမုန့်ဝယ်ကျွေးမယ် .."

မျက်ဝန်းဖန့်ဖန့်တွေကို အသုံးချပြီး 'အတည်လား' ဆိုတဲ့ပုံစံနဲ့ ငေးကြည့်ကာ ....

"မင်းတစ်ကယ်ပြောတာလား .."

"အင်း .. တစ်ကယ်ပြောတာပေါ့ .."

အိမ်ထဲမှာဘောလုံးကန်ရင်း ပြတင်းပေါက်မှန်ကိုခွဲမိမှုကြောင့် မုန့်ဖိုးအဖြတ်ခံထားရတဲ့ထယ်ယောင်းတစ်ယောက် အားကိုးရာရပ်ဝန်းလေးကို ရှာတွေ့သွားတော့တယ်။

"Jack နဲ့ Rose ကို သနားပေမဲ့ ငါက ရင့်ကျက်တဲ့ယော်ကျားတစ်ယောက်မို့ မငိုတော့ဘူး .. ဒါနဲ့ စတော်ဘယ်ရီစားမှာနော် .. မင်းက အသစ်ထွက်တဲ့ ဟို .. သက်တန့်လိုအရောင်လေးစား .. ပြီးရင် ငါ့ကိုလည်းကျွေး .."

A Soap Bubble (Complete)Where stories live. Discover now