Unicode
Yes or No
ပဲပိစပ်ဟင်းရည်ရနံ့သင်းမွှေးမွှေးက ထယ်ယောင်းရဲ့နှာဖျားဝကလေးကို ကလူကျီစယ်နေပေမဲ့ နှလုံးသားလေးမှာထုံထိုင်းနေရတာမို့ ဘာမှစားချင်စိတ်မရှိဘဲ ထမင်းပန်းကန်လုံးထဲက ထမင်းတွေကိုသာ တူနဲ့ထိုးဆွနေမိတယ်။
"ထယ်ထယ် .. ဆော့မနေဘဲ ထမင်းသေချာစားလေ .."
ပါပါးက ထယ်ယောင်းရဲ့ပန်းကန်ထဲကို အသားတစ်ဖက်ထည့်ပေးရင်း သတိပေးသလိုပြောတယ်။
"မစားချင်တော့ဘူးပါပါး .."
မိသားစု၀င်အားလုံးရဲ့အံ့သြတကြီးမျက်၀န်းတွေ ထယ်ယောင်းအပေါ်စုပြုံကျလာတဲ့အပြင် အွန်းယောင်းကပါ ထယ်ယောင်းရဲ့နှဖူးပေါ်လက်ဖဝါးတင်ကာ အဖျားရှိမရှိစမ်းသပ်ပြီးနောက် ....
"နေမကောင်းလည်းဖြစ်မနေပါဘူး .. သရဲများဝင်ပူးသွားတာလား။ ဟိုးအရင်ကဆို အစားစားရမဲ့အချိန်တွေတိုင်း ထယ်ထယ်ပဲအပျော်ဆုံးဖြစ်နေတာလေ .."
အွန်းယောင်းပြောလည်းပြောချင်စရာကောင်းလောက်အောင် ကိုယ်မူပျက်နေမှန်း ကိုယ့်ဘာသာလည်းသိတာမို့ တုံ့ပြန်စကားမဆိုတော့ဘဲ မလှုပ်ရှားနိုင်တဲ့ကျောက်ရုပ်ကြီးတစ်ခုလိုသာ ငြိမ်ငြိမ်သက်သက်လေးထိုင်နေမိတော့တယ်။
"သူ့သူငယ်ချင်းကောင်လေး ဒီနေ့အိမ်ကနေထွက်ပြေးသွားလို့ ထယ်ထယ်တစ်ယောက် အရမ်းလန့်သွားတာထင်တယ် .."
မာမားရဲ့ရယ်မြူးသံအချို့ပါဝင်နေတဲ့စကားတစ်ခွန်းနောက်မှာ သည်းခံထားသမျှ ခံစားချက်တွေပေါက်ထွက်ကုန်ပြီး ....
"ထယ်ထယ်တို့က သူငယ်ချင်းမဟုတ်ဘူး !.."
အော်သံကြီးက အနည်းငယ်ကျယ်လောင်သွားပေမဲ့ မာမားကတော့ ထိန်လန့်ခြင်းအလျင်းကင်းစွာနဲ့ သူ(မ) ရဲ့ ရင်ဘတ်ပေါ် လက်ဖဝါးလေးနဲ့ဖိပြီး ထယ်ယောင်းကို လှောင်ပြောင်နေပါတော့တယ်။
"ဆယ့်နှစ်မျိုးဟင်းချိုတွေလုပ်နေတာလား .. ဟိုးအရင်ကပဲ ထယ်ထယ်နဲ့ ကျောချင်းကပ်အိမ်ကကောင်လေးက ခင်သွားပြီဆိုပြီး ရှင် ကျုပ်ကို မနက်စာတွေတောင်နေ့တိုင်းထည့်ခိုင်းသေးတယ်လေ .."
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..