Unicode
ရင်ခွင်ထဲမှာ သိမ်းဝှက်ထားချင်တယ်
"ဒါက ဘယ်လိုဖြစ်ရတာလဲထယ်ထယ် .. ပါပါးတို့ကိုပြောပါဦး .. အမှန်ပဲလား ဒါမှမဟုတ် လုပ်ကြံပြီးအပြောခံရတာလား .."
တိတ်ဆိတ်နေတဲ့ဧည့်ခန်းအလယ် မိသားစုဝင်တွေရဲ့ဝန်းရံခြင်းကိုခံထားရပါသောထယ်ယောင်းဟာ ဆိုဖာပေါ်မှာခပ်တောင့်တောင့်ထိုင်နေရင်းသာ တဆတ်ဆတ်တုန်ယင်လာတဲ့နှုတ်ခမ်းဖျားကိုဖိကြိတ်လို့၊ အေးစက်စက်ဖြစ်နေတဲ့လက်ချောင်းတွေကိုပါ ထိတ်လန့်တကြီးထိန်းချုပ်ဆုပ်ကိုင်ထားရတယ်။
နှစ်ဦးသားကြားက ဆက်ဆံရေးတွေကို အရှိန်မြှင့်တင်လိုက်ကတည်းက လွယ်ကူလောက်မယ်လို့မတွေးခဲ့မိပေမဲ့ ဒီလောက်အထိခက်ခဲလိမ့်မယ်လို့လည်းမထင်ခဲ့ရိုးအမှန်ပါ။
အခုတော့ဖြင့် အားနည်းလွန်းတဲ့ခံနိုင်စွမ်းတွေနဲ့ ဘယ်လိုများရင်ဆိုင်ရပါ့မလဲလေ။
"မာမားမနက်စျေးသွားတော့ စျေးထဲကလူတိုင်း ထယ်ထယ့်အကြောင်းကိုပြောပြီး မေးနေကြတာ .. ကျောင်းမှာပြသနာအရှာခံရတော့ ထယ်ထယ်က ဘာမှမပြောနိုင်ဘဲ ထွက်ပြေးလာခဲ့တယ်တဲ့။ အဲဒါကြောင့် မနေ့က မျက်နှာမကောင်းဘဲ အိမ်ကိုစောစောပြန်ရောက်နေတာလား .."
ကျဉ်းကြပ်လာတဲ့ခံစားချက်တွေကြောင့် မျက်နှာပေါ်လက်ဖဝါးတင်လို့ အီခနဲငိုချလိုက်မိတဲ့အခါ ထယ်ယောင်းနဲ့မာမားတို့ရဲ့စကားဝိုင်းကိုစောင့်ကြည့်နေတဲ့အွန်းယောင်းဟာ ထယ်ယောင်းဘေးနားအလျင်အမြန်ရောက်လာပြီး အေးစိမ့်နေတဲ့လက်ချောင်းတွေကို အားအင်တစ်ခုအနေနဲ့ဆုပ်ကိုင်ပေးရင်း ....
"ထယ်ထယ့်ကို ဒီလိုချောင်ပိတ်ပြီး မေးဖို့မကောင်းဘူးမာမား .."
"ချောင်ပိတ်တာမဟုတ်ဘူးအွန်းလေး .. မာမားတို့လည်း သိသင့်တာပေါ့။ အခု ဒီကိစ္စက တစ်ရပ်ကွက်လုံးမှာရော၊ မင်းတို့ပါပါးရဲ့ကျောင်းအထိပါ သတင်းထွက်နေပြီ .."
မောဟိုက်ခြင်းနဲ့အတူ အချိန်တွေကိုနောက်ဆုတ်ပစ်ချင်လာတယ်။
အဲဒီနေ့က ကလပ်ကိုသာမသွားဖြစ်ရင်၊ သူ့ကိုသာ မနမ်းခဲ့မိရင် .. ဒါမှမဟုတ် ဒီဆက်ဆံရေးအတွက် ထယ်ယောင်းရဲ့အချစ်တွေကို ထိန်းချုပ်ခဲ့ရင် ..
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..