အပိုင်း - ၃၄

2.8K 285 70
                                    

Unicode

အရာခပ်သိမ်းသောမင်း

"ဂျောင်ကုလေး .. မင်း .. ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ .."

အရက်ဆိုင်ရှေ့ဝယ် ငုတ်တုတ်ထိုင်ကာ တငိုငိုတရယ်ရယ်လုပ်လို့ တစ်ချိန်တုန်းကရည်းစားဟောင်းလေးကိုလက်ရှိရည်းစားအဖြစ်ပြန်လည်သိမ်းသွင်းနိုင်အပြီးမှာ အိမ်ပြန်လမ်းဆီခရီးဆက်ခဲ့ကြရင်း ထယ်ယောင်းရဲ့မျက်နှာလေးဟာ ထိန်းချုပ်ဖို့ခက်ခဲလွန်းလှတဲ့အပြုံးပန်းတွေကြား ရွှန်းတောက်လန်းဖြာနေပါတယ်။

နှစ်ဦးသားပေါ်အုပ်မိုးပေးထားတဲ့ထီးဝါလေးက တဖွဲဖွဲမစဲအောင်ရွာသွန်းနေပါသောရွှေမိုးညိုရဲ့အေးစိမ့်မှုဒဏ်ကိုမခံယူဝံ့တော့သည့်နှယ် ထယ်ယောင်းတို့ရဲ့ပခုံးသားတစ်ခြမ်းကို စိုစိုရွှဲလေစေတော့တယ်။

"ဂျူ၀န်း ဖုန်းဆက်ပြောတာ .. ပြီးတော့ .. ငါမင်းကိုချစ်လို့ .. မင်းနဲ့ထပ်မဝေးချင်တော့လို့ လာခဲ့တာ .."

ဖူးသစ်ဝေအောင်လန်းဖြာနေတဲ့နှလုံးသားတွင်းက ပွင့်လွှာငယ်တွေရဲ့ချိုမြိန်မှုကို ထယ်ယောင်းရောသူပါခံစားနေရကြောင်း တိုင်ပင်ထားခြင်းမရှိပါဘဲ ထပ်တူကျနေတဲ့ နှုတ်ခမ်းသားထက်မှ ပြုံးရိပ်ကလေးတွေကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်ခဲ့ရပါတယ်။

"ဒါဆို .. အခု .. ငါတို့က ပြန်တွဲနေကြပြီပေါ့နော် .."

"အင်း .. မင်းလက်ကို နောက်တစ်ကြိမ်ထပ်ပြီး ဘယ်တော့မှမလွှတ်တော့ဘူး .."

ဆုပ်ကိုင်ထားဆဲလက်ချောင်းလေးတွေကို ဖျစ်ညှစ်ပြီးပြောလာခိုက် လှိုက်ဖိုသွားတဲ့ခံစားချက်တွေနဲ့အတူ တစ်ဆက်တည်းဆိုသလိုပင် ထယ်ယောင်းရဲ့မျက်နှာထွေးထွေးလေး နွေးတေးတေးရဲတက်လာတယ်။

"ငါ အိမ်ပြန်မှာ .."

"သိတယ် .. လိုက်ပို့ပေးမယ် .."

"ငါဘယ်မှာနေလဲသိတာလား .."

"သိတယ် .. မင်းတို့ဆေးခန်းက သူနာပြုတွေကိုမေးကြည့်ဖူးတယ် .. နောက်ပြီး အိပ်မရတဲ့ညတွေဆို မင်းတိုက်အောက် လာရပ်ဖူးတယ်"

ဖြီးတက်သွားတဲ့မျက်နှာပိုးကို အမြန်ဖိသိပ်ကာ မိုးရွာထဲထီးချောင်းအောက်အတူတူလျှောက်လှမ်းနေရင်းမှ သူ့ပခုံးစွန်းလေးထက် အနမ်းတစ်ပွင့်ခြွေပစ်ခဲ့လိုက်တယ်။

A Soap Bubble (Complete)Where stories live. Discover now