Unicode
You're my YELLOW
တရိပ်ရိပ်ပြေးလွှားနေတဲ့မြင်ကွင်းအချို့က ထယ်ယောင်းတို့ရဲ့နောက်ပါးဆီမှာ လျင်မြန်လွန်းလှတဲ့အရှိန်အဟုန်နဲ့ကျန်ရစ်နေလေခဲ့ကြတယ်။
ရထားရဲ့အနည်းငယ်ယိမ်းထိုးထိုးနိုင်သောလှုပ်ရှားအပြင်၊ ကျွတ်စိကျွတ်စိလှိုက်အောင်ညံတဲ့စကားသံတွေကလည်း တစ်နာရီကျော်ကြာခရီးနှင်လာမှုကြောင့် ငိုက်မြည်းချင်ချင်ဖြစ်နေတဲ့ ထယ်ယောင်းရဲ့အာရုံတွေကို ပြန်လည်နိုးကြားအောင်ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။
ဖန်ရီရီဖြစ်နေတဲ့မျက်ဝန်းတွေကို လက်ခုံနဲ့ပြင်းပြင်းထန်ထန်ဖိပွတ်မိတဲ့အခါ အချစ်ဦးကောင်လေးဟာ ထယ်ယောင်းရဲ့လက်ခုံနုနုလေးကိုဖမ်းကိုင်ပြီး 'မျက်လုံးနာသွားလိမ့်မယ်လေ' လို့သတိပေးတယ်။
"ဂျောင်ကုလေးရေ .. ငါလေ .. အိပ်ချင်နေသလိုခံစားရတယ် .."
"အိပ်မလား .."
အလိုက်သင့်ထိုးပေးလာတဲ့ပခုံးတန်းကျယ်ကြီးကိုကြည့်ရင်း နှလုံးသားလေးမှာ တသိမ့်သိမ့်နွေးထွေးလာရကာ ပခုံးစွန်းကိုတစ်ချက်နမ်းမွှေးလို့ သူ့အလိုကျအတိုင်း ခိုတွယ်မှေးစက်လိုက်တော့ ကိုင်းနက်မျက်မှန်အောက်ကသူ့မျက်ဝန်းလေးတွေထဲ ကြင်နာရိပ်များ ပြည့်မောက်လျှံကျလာတယ်။
"ဂျောင်ကု .."
"အင်း .."
"ဘူဆန်မှာ ဘာတွေရှိလဲ .. ငါကလေ ဒယ်ဂူနဲ့နမ်ချွန်းကလွဲပြီး ဘယ်ကိုမှမသွားဖူးတော့ အခု အရမ်းပျော်နေတာ .."
အလွန်တက်ကြွစွာနဲ့ စကားတွေပိကျိပိကျိပြောနေခိုက် လျှောက်လမ်းတစ်ဖက်ခြမ်းမှာထိုင်နေတဲ့လူနှစ်ယောက်ရဲ့အကြည့်တွေက ထယ်ယောင်းတို့ဆီရောက်လာသလိုခံစားလိုက်ရတာမို့ စိတ်ထဲ မလုံမလဲဖြစ်သွားပြီး ပြန်ထဖို့ကြံစည်လိုက်ချိန်မှာ ဂျောင်ကုဟာ အနည်းငယ်ကြွတက်သွားတဲ့ထယ်ယောင်းရဲ့ဦးခေါင်းလေးကို သူ့လက်ဖဝါးနဲ့ဖိကိုင်လို့ ပခုံးတန်းထက်ပြန်လည်မှီခိုစေပြီး တည်ကြည်လွန်းနေပါသောမျက်နှာထားဖြင့် ....
"ငါတို့ကိုကြည့်နေတာမဟုတ်ဘူး .. ဘေးဘက်ကရှုခင်းတွေကိုကြည့်နေတာ .. စိတ်အေးလက်အေးနေ .."
YOU ARE READING
A Soap Bubble (Complete)
Fanficဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..