အပိုင်း - ၂၉

2.2K 300 50
                                    

Unicode

လည်ပတ်နေသော (၃၆၅) နှင့် ဆုံစည်းခွင့်

ခါးသက်သက်ဆိုဂျူရဲ့ ပြင်းရှတဲ့အရသာဟာ လည်ချောင်းတစ်လျှောက် အထိန်းအကွပ်မဲ့စွာ စီးဝင်လို့သွားတယ်။

"ထယ်ယောင်း .. တော်သင့်ပြီနော် .."

သုံးပုလင်းမြောက်ကို နာနာကျင်ကျင်ကျော်လွန်ကာနီးအချိန်မှာ ဂျင်ဝန်းဆီက တားမြစ်သံသဲ့သဲ့ကိုကြားလိုက်ရပြီး တစ်ဆက်တည်းမှာပဲ ထယ်ယောင်းလက်ထဲက ခွက်သေးသေးလေး ဆွေ့ခနဲအလုခံလိုက်ရတယ်။

"နည်းနည်းပဲ ထပ်ပြီး .."

"ပေးလိုက်စမ်းပါဟယ် .. သူ့ဘာသာအေးဆေးသောက်ပါစေ .."

ခံစားရခက်ခြင်းတွေပြေပျောက်လိုပြေပျောက်ငြား ခွေးပေါက်လေးပမာတအီအီလုပ်ရင်းပြန်တောင်းတဲ့အခါ သူငယ်ချင်းအုပ်စုထဲမှာ တစ်ဦးတည်းသောမိန်းကလေးဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ထားရုံသာမက ထယ်ယောင်းရဲ့ဘက်တော်သားပါဖြစ်တဲ့ဟန်ယူနာဟာ ထယ်ယောင်းအလိုကိုလိုက်ဖို့အတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပါတယ်။

"ဟိုကောင် အသည်းကွဲလို့သောက်တာထားပါတော့ .. နင်ကပါဘာကိစ္စ တစ်ခွက်ပြီးတစ်ခွက်လိုက်သောက်နေရတာလဲ အရူးမလေးရဲ့ .."

နိုယွန်းရဲ့အမေးကိုကြားချိန် ဆိုဂျူခွက်ကလေးကို နှုတ်ခမ်းဖျားနားတေ့ထားရင်း ဟန်ယူနာရဲ့မျက်ဝန်းလှလှလေးများ ကလယ်ကလယ်ဖြစ်ကုန်တယ်။

"နင်ကလည်းဟာ .. ထယ်ယောင်းတစ်ယောက်တည်းသောက်နေရတာ ဘယ်လောက်တောင် စိတ်အားငယ်ဖို့ကောင်းလိုက်သလဲ။ နောက်ပြီး ငါလည်း ငါအသည်းကွဲတဲ့အချိန်တွေကို နည်းနည်းလေးပြန်သတိရသွားတော့ ဝမ်းနည်းသလိုလိုခံစားနေရလို့ပါ .."

သက်ဆိုင်မှုမရှိတဲ့ ဆင်ခြေဆင်လက်ပေါင်းသောင်းခြောက်ထောင်ကို ဂျင်ဝန်းတစ်ယောက် မကျေနပ်သလို မျက်နှာမဲ့ကာ နှာတစ်ချက်မှုတ်ပြီး ....

"အပိုစာသားတွေ .. အသည်းကွဲတိုင်း အရက်သောက်ရမယ်လို့ နင်တို့ကို ဘယ်သူသင်ပေးထားတာလဲ .."

"မင်းလေ .. မင်းပဲ .. အရင်တုန်းက ကောင်မလေးတွေဆီက .. အငြင်းခံရတိုင်း .. အင့် .. အရက်သောက်နေပြီးတော့ .."

A Soap Bubble (Complete)Where stories live. Discover now