Unicode
ဂျူလိုင်မိုးဖွဲအောက်က အချစ်ဦး
နွေဦးလေပြည်တွေဟာ အဆုံးမရှိတဲ့ပျိုမျစ်မှုတွေကြား စက္ကူပန်းရုံကလေးကို တသုန်သုန်တိုးဝှေ့ရိုက်ခတ်နေရင်း ဒဏ္ဍာရီမဆန်ပါသောပွင့်ချပ်ကလေးများကို မြေပြင်လွှာထက် သက်ဆင်းလေစေခဲ့တယ်။
ဖုန်မှုန့်ဝေဝေတစ်ချို့က ရှူးဖိနပ်ဖြူလွှလွှပေါ်ဖြတ်သန်းသွားသော်ငြား ထယ်ယောင်းမှာတော့ဖြင့် စကူတာတစ်စီးနဲ့ ရင်ခွင်လွှာထက်ထိပါးနှောင့်ယှက်မဲ့လူကို မျှော်တလင့်လင့်ငေးကြည့်နေမိဆဲပါပဲ။
စောင့်ဆိုင်းခြင်းတွေကြာရှည်လာတဲ့အခါ ဆပ်ပြာရနံ့စွဲကပ်နေတဲ့အင်္ကျီအဖြူကလေးကို နှာဖျား၀နားကပ်လို့ မကျေမချမ်းဖြစ်ဖြစ်နဲ့ပဲ ရှူရှိုက်လိုက်မိတယ်။
"နောက်ကျနေပြီကို .. ဘာလို့အခုထိမလာသေးတာလဲမသိဘူး .."
နာရီလက်တံရဲ့တရွေ့ရွေ့ဖြတ်သန်းနေမှုတွေကို စိတ်ရှည်ချမ်းသာစွာ ရပ်ကြည့်မနေနိုင်တော့။
ပုံမှန်ကျောင်းသွားချိန်ထက် ဆယ့်ငါးမိနစ်လောက်နောက်ကျနေတဲ့ဖြစ်စဉ်ဟာ ထယ်ယောင်းရဲ့အပေါ်နှုတ်ခမ်းရဲထွေးထွေးလေးကို စင်တီမီတာအတော်အတန်လောက် အထက်ဘက်ဆီကော့တက်ရွေ့လျားကာ မျက်ခုံးတန်းနက်နက်ကလေးကိုပါ တွန့်ကွေးကျုံ့တက်သွားစေတယ်။
*တီ တီ
မကြာခင်မှာပဲ လေပြည်တွေရဲ့တွန်းတိုက်မှုနဲ့အတူ နို့စိမ်းရောင်စကူတာလေးက စောင့်ဆိုင်းနေသူထယ်ယောင်းအရှေ့မှာ ငြင်သာတိုးဝှေ့ခြင်းအတိဖြင့် ရပ်တန့်သွားတယ်။
"ဟေ့ .. စောင့်နေရတာကြာပြီလား .."
ဂျောင်ကုရဲ့မျက်နှာကလေးက မနက်ခင်းနေခြည်နွေးနွေးကြား ကြည်သာစွာနူးညံ့နေရင်း ထယ်ယောင်းရင်ထဲက ဒေါသစိတ်အနည်းအကျဉ်းကို ဆားပွင့်ကလေးတွေရေမှာပျော်ဝင်သလိုပင် အရည်ဖျော်ချပစ်နိုင်စွမ်းရှိပါတယ်။
"အင်း .. ကြာပြီ .. ဒါပေမဲ့ .. ရပါတယ် .."
ပြတ်တောင်းတောင်းလေသံက ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တောင့်တင်းခြင်းဘက်ခြမ်းဆီ အခြေယိုင်ကုန်တယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..