အပိုင်း - ၂၂

2.3K 308 68
                                    

Unicode

မိသားစု

"ဘာတွေလဲကွာ .. မုန်းစရာကောင်းလိုက်တာ .."

စာကြည့်စားပွဲပေါ် ဘုန်းခနဲမျက်နှာအပ်လိုက်ပြီး လူနားလည်ဖို့ခဲယဉ်းလွန်းတဲ့ ရှုပ်ထွေးပွေလီစရာစာကြောင်းတွေကြောင့် ထယ်ယောင်းရဲ့အာရုံကြောတွေ ထိုင်းမှိုင်းထုံရီနေရတယ်။

"ငါရူးသွားတာပဲ .. တိရစ္ဆာန်တွေချစ်တတ်ရင် ဒီအတိုင်းအစာကျွေးပြီး၊ ဆေးခန်းပြပေးလိုက်ပေါ့။ ဘာလို့များ ဒီကျောင်းကို လျှာရှည်ပြီးတက်ခဲ့ရတာလဲ။ ဘာလို့ ဒီစာတွေကိုရော အရူးလုံးလုံးအဖြစ်ခံပြီးကျက်နေရတာလဲ။ မကျက်ချင်ဘူး .. မကျက်ချင်တော့ဘူးလို့ .."

ဦးခေါင်းထက်ကဆံနွယ်တွေကို လက်နဲ့ဆွဲဖွလိုက်သော်ငြားလည်း အားအင်ကုန်ခမ်းသွားတဲ့ဦးနှောက်ကတော့ ထယ်ယောင်းရဲ့သနားဖွယ်ရာတောင်းဆိုမှုကိုလျစ်လျှူရှုလို့ အမြန်အဆန်အနားယူဖို့အရေးသာအကြံပြုပေးနေပါတော့တယ်။

"ဂျောင်ကုကိုလွမ်းလိုက်တာ .."

စားပွဲခုံထက် တစ်ခြမ်းတည်းဖိတင်ထားမိတဲ့မျက်နှာကြောင့် ထယ်ယောင်းရဲ့ပါးပြင်‌လေးဟာ oven ထဲကထုတ်ကာစ ပေါင်မုန့်တစ်လုံးနှယ်ဖောင်းအစ်အစ်ဖြစ်လို့နေတယ်။

"ငါ့ကောင်လေး စာတွေပိပြီး ငါ့လိုမျိုး တစ်အားပင်ပန်းနေတော့မှာပဲ .. အိုက်ဂူး .. သနားလိုက်တာ .."

တက္ကသိုလ်ဆေးရုံမှာ လက်တွေ့လေ့လာရေးဆင်းနေဆဲဖြစ်လောက်မလားမသိတဲ့ အချစ်ဦးကောင်လေးအတွက်ရော၊ စာကျက်ရမှာကိုမကျက်ဘဲ ဖင်လှည့်ခေါင်းလှည့်လုပ်ကာ အလေလိုက်နေတဲ့ကိုယ့်အတွက်ကိုယ်ပါ သနားစိတ်လေးဝင်ကုန်ပြီး ပျင်းကြောဆန့်လို့တစ်ချက်သန်းဝေရင်း ဒိုင်ယာရီ အမှတ်စဉ် (၄) ကိုထုတ်ပြီးသာ ဒီနေ့တစ်နေ့တာဖြစ်ရပ်တွေအကြောင်း ထိုင်ရေးဖို့ဆုံးဖြတ်လိုက်တော့တယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

ဆောင်းရာသီထဲ နက်နက်နဲနဲတိုးဝင်လာတဲ့နောက် ငါ့ရင်ထဲကအနွေးဓာတ်ကလေးနဲ့ဆုံစည်းနိုင်ဖို့လည်း တဖြည်းဖြည်း ခက်ခဲနေရပြီ။

A Soap Bubble (Complete)Where stories live. Discover now