Unicode
တစ်ဦးတည်းသော ထူးခြားတဲ့လူ
"မောနင်းဂျောင်ကု .."
"ကောင်းသောမနက်ခင်းပါ ထယ်ယောင်း .."
စကူတာဘီးကလေးထယ်ယောင်းရှိရာဆီလိမ့်လာတာနဲ့တစ်ပြိုင်နက် သူကမ်းပေးတဲ့ဆိုင်ကယ်ဦးထုပ်ကိုလှမ်းယူလို့ ကျင့်သားရနေသောနှုတ်ဆက်စကားတွေကိုအသီးသီးရွတ်ဆိုကာ သူ့နောက်ပါးကနေရာလွတ်ပေါ် ဆွေ့ခနဲတက်ထိုင်ပစ်လိုက်တယ်။
"ဒီနေ့စိတ်ကြည်နေသလား .. မျက်နှာလေးရွှင်နေတာပဲ .."
"ဖေဖေက မုန့်ဖိုးပိုပေးလိုက်တယ်ကွ .. ညနေပြန်ရင် တော့ပိုကီ၀င်စားကြမယ် .."
"မင်းအစပ်မစားနိုင်ဘူးမဟုတ်လား .."
"မစားနိုင်တာကို စားကြည့်တာလည်း သတ္တိတစ်ခုပဲ ဂျောင်ကုလေးရဲ့ .."
စသလိုနောက်သလိုနဲ့ ခပ်ကျယ်ကျယ်ရယ်ချပစ်လိုက်တဲ့အခါ ထယ်ယောင်းရဲ့မြင်လွှာထက်မှာပေါ်လွင်လာသော သူ့နားရွက်ဖျားရဲရဲကလေးများ။
အသည်းယားခြင်းပိုကာ ဖိကိုက်ပစ်ချင်စိတ်ကိုတားဆီးမရ။
အချစ်ဦးကောင်လေးဟာ ဘယ်လိုအကြောင်းအရင်းတွေကြောင့်များ ဒီလောက်အထိ ချစ်စရာကောင်းနေရသလဲမသိနိုင်တော့ပါချေ။
"ငါ့ကိုရှေ့ကျရင် ခဏရပ်ပေးဦးနော်။ ကြောင်တွေအစာကျွေးချင်သေးလို့ .."
"အင်း .. မင်းသဘော .."
တိတ်တခိုးကြိတ်တိုးလို့ ပြုံးရယ်နေရင်း စကူတာဘရိတ်ကို သူဖိညှစ်လေတိုင်း အရှိန်လွန်သွားသယောင်နဲ့ အရှေ့ဖျားဆီအခါခါယိုင်ကျလို့ သူ့ဂုတ်ပိုးလေးကိုခိုးနမ်းရခြင်းအမှုအပေါ် ထယ်ယောင်းအလွန်တရာမှသဘောတွေ့နေမိတယ်။
ကာယကံရှင်ဖြစ်သူကလည်း တားမြစ်ခြင်းအလျင်းကင်းလေတော့ ဟိုးအရင်အချိန်တွေတုန်းကတည်းက စည်းကျော်ချင်နေတဲ့ထယ်ယောင်းမှာ ဘယ်လိုများထိန်းချုပ်နိုင်ပါတော့မလဲ။
တစ်ကယ်ဆို ဒါတွေအားလုံးက ဂျွန်ဂျောင်ကုရဲ့အပြစ်တွေပဲ။
အသားယူနေမှန်းသိရင် နည်းနည်းပါးပါးတားမြစ်မှပေါ့။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..