Unicode
ပထမဦးဆုံးလူနာ
"ထယ်ထယ် အိမ်ပြန်လာပါပြီခင်ဗျ .. မာမားရဲ့သုံးယောက်မြောက်သားလေးလည်း အိမ်အလည်လိုက်လာပါတယ် .."
အသံချိုချိုလေးနဲ့ အချစ်ဦးကောင်လေးရဲ့အင်္ကျီစကိုတစ်ဖက်၊ ကြက်ကြော်ထုပ်ကိုတစ်ဖက်ကိုင်လို့ အိမ်ထဲဝင်လာတဲ့အခါ မာမားဟာ ဆိုဖာပေါ်မှာ တယ်လီဖုန်းပြောရင်း စိတ်အခြေအနေက သိပ်မကြည်သာတဲ့ဘက်ခြမ်းသန်းနေသလို၊ အိမ်စောစောပြန်ရောက်နေတဲ့ပါပါးကတော့ သူ့မိန်းမ ဖုန်းပြောမပျက်စေဖို့ နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး ထယ်ယောင်းတို့ကိုရှူးတိုးတိုးလုပ်ပြကာ ချိုသာတဲ့အပြုံးလေးတစ်ပွင့်နဲ့ကြိုဆိုနေပြန်ပါတယ်။
"အခုတစ်လော အလုပ်တွေရှုပ်နေသလားသား .. မျက်နှာလေးချောင်သွားတယ်နော် .."
"ဟုတ်ကဲ့ပါပါး .. တက္ကသိုလ်ဆေးရုံတွေမှာ practical လုပ်ရတာတွေ တစ်အားစိတ်လာလို့ပါဗျ .."
"အင်း .. ဟုတ်သား .. ဒါပေမဲ့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ကျန်းမာရေးကိုတော့ မထိခိုက်စေနဲ့ကွာ .."
"ဟုတ်ကဲ့ပါပါး .. နားထောင်ပါ့မယ်ဗျ .."
ရှက်ပြုံးလေးနဲ့ ချစ်စနိုးဖြေဆိုလိုက်တဲ့ ဂျောင်ကုရဲ့ပုံစံလေးကြောင့် နှလုံးသားတစ်ခွင် မြတ်နိုးခြင်းတွေခုန်တိုးဆန်တက်လာပြီး ပါးပြင်ကလေးကိုဖျစ်ညှစ်နမ်းရှုံ့ချင်စိတ်တွေပါ တဖွားဖွားပေါ်ထွက်လာရတော့တယ်။
"ဒါနဲ့ အွန်းလေးရောပါပါး .."
ပုံမှန်ဆို ထယ်ယောင်းကျောင်းကနေပြန်လာချိန်တိုင်း ဆိုဖာပေါ်မှာအခန့်သားနေရာယူကာ တီဗီရီမုကိုအပိုင်သိမ်းထားတတ်တဲ့အွန်းယောင်းကို မတွေ့မိတာမို့ မေးကြည့်လိုက်တော့ ပါပါးဟာ ရယ်ကြဲကြဲမျက်နှာနဲ့ ....
"သူတို့လုပ်ထားတဲ့ group project တစ်ခု အဆင်ပြေပြေပြီးသွားလို့ တစ်ဝိုင်းဆွဲနေတယ်။ ပြန်လာရင် တစ်အိမ်လုံးအန်ဖတ်တွေဖြစ်တော့မှာပဲ .."
ပခုံးကလေး လှိုက်တုန်လာသည်အထိ ရယ်မြူးလိုက်မိတယ်။
ကင်မ်အွန်းယောင်းတို့မူးပြီဆို သူများတကာတွေလို ရည်းစားဟောင်းကိုလွမ်းပြီး တအီအီထိုင်ငိုတာမျိုး၊ အကြောင်းပြချက်မရှိရယ်နေတာမျိုး၊ ဘလိုင်းကြီး စိတ်ကောက်ရစ်ကြောနေတာမျိုးတွေကို လုံး၀မလုပ်ဘဲ ဆက်တိုက်အော့အန်ကာ ရွဲပလဲကွဲနေတတ်ပါတယ်။
YOU ARE READING
A Soap Bubble (Complete)
Fanfictionဆပ်ပြာပူဖောင်းလေးနဲ့တူတဲ့ အချစ်ဦးရေ .. ငါတိုး၀င်လာတဲ့အခါ ကျေးဇူးပြုပြီး မပျောက်ကွယ်သွားပါနဲ့လား ..