Title : 70s Delicate Little Wife
Author: 七月田
Chapters: 88 (etrans က 56 ပဲရောက်ပါသေးတယ်)
MM Translator: YuuKiတစ်ပတ်နှစ်ပိုင်း တင်ပါမယ် ongoing လိုက်ပေးကြနော်😘
ရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။
မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူမက မွေးပြီးပြီးချင်း အိမ်ကို မှားခေါ်လာခဲ့မိတဲ့ သမီးအရင်း မဟုတ်သူ ဖြစ်နေတယ်။ နောက်ပိုင်း သမီးအရင်းဖြစ်သူ ရွှီယန်ယန်ရဲ့ သနားစရာကောင်းလောက်အောင် ချောက်ချခြင်းခံခဲ့ရတယ်။ ဘေးကကြည့်နေသူ ဝိုင်းခံထားရပြီး ကြမ်းပြင်တစ်ခုလုံးမှာ ကြက်မွှေးတွေဖုံးလို့ သူမကို မိဘမဲ့ စုန့်ဝေဖျင်နဲ့အတူတူ စောင်တစ်ခုထဲမှာ အိပ်နေပြီး အလျင်စလိုလုပ်ထားတဲ့ နေ့လည်စာထမင်းဘူးတစ်ခုကိုလည်း တွေ့လိုက်ရတယ်တဲ့။
အိပ်ရာမဝင်ခင် သူမက စဥ်းစားလိုက်ပါသေးတယ်။ "အ,လိုက်တာ၊ စုန့်ဝေဖျင်လို အရာရာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်က ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်သလဲ၊ သူက စီးပွားရေးလုပ်ငန်းရှင် အလောင်းအလျာကြီးတစ်ယောက်ပဲ၊ ချမ်းသားတယ်၊ လက်မထပ်ထားဘူး၊ ချောတယ်လေ၊ သူ့အခန်းဖော်လေးဖြစ်ရင် ဘယ်လောက်တောင် အံ့သြစရာ ကောင်းနေလိမ့်မလဲ၊ ဒါက အိပ်နေရင်းနဲ့ကို အနိုင်ရနေတာမျိုးမဟုတ်ဘူးလား"
သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာတော့ သူမနဲ့စုန့်ဝေဖျင်တို့က အိပ်ရာတစ်ခုထဲပေါ်မှာ အိပ်နေကြတာတဲ့။ သူတို့မျက်လုံးတွေက အချင်းချင်း ဆုံမိသွားကြတော့တယ်။
ချက်ချင်း တံခါးတစ်ခေါက်သံတစ်ခု ထွက်လာတယ်။ ရွှီယန်ယန်က စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ အော်ခေါ်နေလေရဲ့။
"မကြီးရှောင်ကျောင်း ၊ အစ်မ အထဲမှာလား"
! ! !
ရွှီရှောင်ကျောင်းက မျက်နှာသေဖြစ်နေတဲ့ စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး ရေရှည်ထမင်းစားလက်မှတ်တစ်ခုနဲ့ စည်းတစ်ခု ချက်ချင်းတားလိုက်တယ်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...