အခန်း (၂၀.၂)
ရွှီရှောင်ကျောင်းက အလွန်ပျော်သွားပြီး
“စုန့်ဝေဖျင် နင် ထပ်ပြီး ရလာပြန်တာလား”
မူဝါဒက ပိုပိုပြီး လျှော့ပေးလာသဖြင့် သယ်ယူပို့ဆောင်ရေးအဖွဲ့သည် လွန်ခဲ့သည့်ခြောက်လအတွင်း ခရီးထွက်သည့်အချိန်တိုင်း သူတို့သည် ပစ္စည်းကောင်းများကို အများကြီးရလာတတ်သည်။ သူတို့သည် ထိုအခိုက်တွင် ချမ်းသာသည့်အိမ်ထောင်စုများ မဟုတ်ကြသော်လည်း သူတို့တွင် အစားအသောက် လုံလောက်သည်။ သည်တစ်ကြိမ်တွင်လည်း သူတို့က ဘာများရလာမည်နည်းဟု သူမက စဥ်းစားလိုက်လေသည်။
စုန့်ဝေဖျင်သည် လက်ဆေးနေချိန်တွင် ရွှီရှောင်ကျောင်းထံမှ တချွတ်ချွတ်အသံများကို ကြားနေရပြီးနောက်တွင် သူမ၏ နူးနူးညံ့ညံ့ရယ်မောသံကို ကြားလိုက်ရတော့သည်။
ရွှီရှောင်ကျောင်းသည် သူမ၏ရွေးချယ်မှုက မှန်ကန်ကြောင်း အမှန်ပင် ခံစားလိုက်ရလေသည်။ စုန့်ဝေဖျင်နောက်သာ လိုက်ရင် အနာဂတ်မှာ ငါလေးကတော့ အရမ်းကို သက်သောင့်သက်သာရှိမှာပဲ။ ကျိုးဖင့်ရှန်းက စုန့်ဝေဖျင် ငါ့ကို တားမှာ စိုးရိမ်နေတာတဲ့လေ။ ဒါပေမဲ့ ရလဒ်ကတော့...။
“ဟယ် စုန့်ဝေဖျင် နင်က ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သုံးဖို့ ဒါကို ဝယ်လာခဲ့တာလား”
စုန့်ဝေဖျင်က ‘အင်း’တစ်လုံးဖြင့် သူမကို အသိအမှတ်ပြုလိုက်ပြီး
“မင်း စာကြိုးစားနော်”
ရွှီရှောင်ကျောင်းက သူ့နားသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်များကို ဖြန့်လိုက်ကာ
“ဒါပေမဲ့ ငါက စာမလုပ်ချင်ဘူးလေ”
စုန့်ဝေဖျင်က သူမကို မော့ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်သွားတော့သည်။
“ငါ ပြောချင်တာကလေ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲကို လုံးဝ မဖြေချင်ဘူးလို့”
တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်သည် အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားပြီး
“မ- မဖြေဘူးဟုတ်လား”
ရွှီရှောင်ကျောင်းက သူ၏ကြောင်အမ်းအမ်း အမူအရာကို အကဲခတ်လိုက်ပြီး ပြုံးပြလိုက်ကာ
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Roman d'amourရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...