အခန်း (၁၉.၃)
ဝူချွန်းဟွားမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး
“ဒီကလေးမ ကိုယ့်ခံနိုင်ရည်ကိုတောင် မသိဘူး၊ ဒီလောက် ယမကာခံနိုင်စွမ်းနဲ့များ ပိုင်ကျိုကို သောက်ရဲသေးတယ်၊ လက်ဖက်ရည်ကြမ်း မြန်မြန်သောက်လိုက်၊ ဝေဖျင် သူ့ကို အိပ်ရာထဲ ခေါ်သွားလိုက်တော့”
ရွှီရှောင်ကျောင်းက နာနာခံခံပင် ရေသောက်လိုက်ပြီး ခုတင်စွန်းတွင် ထိုင်ချလိုက်လေသည်။ သူမက ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်ပြီး သူမ၏ဖိနပ်ကို ကုန်းကာ ချွတ်ပေးနေသည့် စုန့်ဝေဖျင်ကို အကြောင်သား စိုက်ကြည့်နေတော့သည်။
“စုန့်ဝေဖျင် နင်က အရမ်းသဘောကောင်းတာပဲ”
သူမသည် မူးနေသည့်အခြေအနေဖြစ်မှန်း သိနေသော်လည်း ထိုစကားကို ကြားလိုက်ချိန်တွင် စုန့်ဝေဖျင်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားတော့သည်။
ရွှီရှောင်ကျောင်းသည် စားပေါ်က သူမနှိုက်ထားသည့် စာအိတ်နီကို မြင်သွားပြီး ရေရွတ်လိုက်လေသည်။
“စုန့်ဝေဖျင် ငါ ကံမကောင်းဘူး”
စုန့်ဝေဖျင်က သူမကို မော့ကြည့်လိုက်ပြီး
“ဘယ်လိုဖြစ်ပြီး ကံဆိုးရမှာလဲ၊ မင်း အကြီးဆုံးစာအိတ်နီကို မဲနှိုက်နိုင်ခဲ့တယ်မလား၊ ၂ယွမ်တောင်လေ”
“အဲဒါက နင် ငါ့ကို တိတ်တိတ်လေး ပြောပြထားလို့လေ၊ ဒါကို ထည့်တွက်လို့မရဘူး”
ရှောင်ကန်း ပစ်လဲသွားသည့် ပုံစံကို ပြန်စဥ်းစားလိုက်ပြီး သူမကို ထပ်ရယ်မောလိုက်ကာ ဆက်ပြီး ညည်းညူပြန်သည်။
“ငါ ကံမကောင်းဘူး၊ ပြီးတော့ ဒီနှစ် ငါ့မှာ ဘာဝင်ငွေမှ ရှိလာမှာ မဟုတ်ဘူး၊ နင် ငွေရှာပေးရမယ်နော်”
သူမသည် အနည်းငယ်အိပ်ငိုက်နေလေသည်။ သူမ၏ဖိနပ်ကို ချွတ်လိုက်ပြီးနောက သူမအိပ်ရာဖက်သို့ သတိနှင့် လေးဖက်ထောက်ကာ သွားလိုက်ပြီး အနွေးထည်ကို ချွတ်ကာ အိပ်ရာဝင်သွားတော့သည်။
အိပ်ရာမဝင်ခင် သူမက ကိုယ့်ဟာကိုယ် သတိလက်လွတ်ပြောလိုက်သေးသည်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...