အပိုင်း (၁၉) အနမ်းတစ်ခု
ရွှီရှောင်ကျောင်းသည် အသက်ပင် ရဲရဲမရှူရဲပဲ စုန့်ဝေဖျင် ဖြေလာမည့်အဖြေကို စောင့်စားနေမိလေသည်။ ဒီကောင် တကယ်ပဲ သဘောတူရဲလို့ကတော့...
အသက်အနည်းငယ် ရှူလိုက်ပြီးနောက် စုန့်ဝေဖျင်သည် သူမကို မော့ကြည့်လိုက်ပြီး
“တစ်လှမ်း နှစ်လှမ်းလောက်ပဲ ဝေးတာလေ၊ အရင်နေ့တွေတုန်းကလိုပဲ၊ ငါ မင်းကို တွဲသွားပေးမယ်”
ရွှီရှောင်ကျောင်းသည် ရုတ်ခြည်းဆိုသလို ကြီးမားသည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်တော့သည်။ သူမ၏မျက်လုံးများက ထောက်ခံခြင်းနှင့် ကျေနပ်ခြင်းအပြည့်ဖြစ်နေတော့သည်။ စုန့်ဝေဖျင်ရယ်။ ငါ နင့်ကို အကဲဖြတ်မမှားခဲ့ဘူးဆို ငါ သိတာပေါ့။
“ကောင်းပြီ”
စုန့်ဝေဖျင်က လေသံတိုးတိုးဖြင့် အက္ခရာများကို ရေရွတ်နေစဥ် ပင့်သက်ရှိုက်ထုတ်လိုက်ပြီး သူမကတော့ ကိုယ်တိုင် သီဖွဲ့ထားသည့် ငါးဆားနယ်သီချင်းကို ဆိုပြန်လေသည်။
ကပ်သီလေးပဲ။
**
ရွှီရှောင်ကျောင်း၏ ခြေကျင်းဝတ်က အပြည့်အဝ ပြန်ကောင်းသွားပြီး တစ်ဖန် ပတ်ပြေးကာ ခုန်လာနိုင်ချိန်တွင်တော့ နွေဦးပျိုးကျဲကာလကလည်း ပြီးဆုံးသွားလေသည်။
အလုပ်လုပ်နေဆဲဖြစ်ကြသည့် နည်းပါးသည့်လူတချို့ကလွဲလျှင် မိန်လင်တစ်ရွာလုံးတွင် အများစုက အိမ်တွင် ချိန်ပေးကာ အနားယူနေကြပြီး သူတို့၏ကိုယ်ပိုင်မြေကွက်လေးကို ရှင်းလင်းနေကြလေသည်။
စုန့်ဝေဖျင်သည် နောက်ဆုံးတော့ အသက်ရှူနိုင်သွားတော့သည်။
ပြီးခဲ့သည့် လဝက်အတွင်းတွင် သူသည် တစ်ရက်ပင် မနားခဲ့ရချေ။ မြို့က လူတချို့ကလည်း နွေဦးတွင် ပျိုးကျဲကြသည်။ သူတို့သည် ပင်ပန်းလာသောအခါ အဆီပါသည့် တစ်ခုခုကို စားသောက်ချင်ကြသည်။ ထို့ကြောင့် သည်ကာလအတွင်းတွင် ဝက်စတူးလုပ်ငန်းက အရင်ကထပ် ပိုကောင်းခဲ့သည်။ အသား ၄-၅ကျင်းလောက်က တစ်ရက်ထဲတွင် အကုန်ရောင်းကုန်သွားသည်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...