အပိုင်း (၂၂.၂)
ဆောင်းဦးကောက်ရိတ်ပွဲ။ အားလုံးက အလုပ်များနေကြသည်။ သို့သော်ငြား ရွှီရှောင်ကျောင်းကတော့ အလုပ်မများချေ။
သူမသည် နွေဦးပျိုးကျဲချိန်ကာလအတွင်း ရွာထဲက စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားသည့်နည်းပညာ အထောက်အပံ့ ပေးခဲ့သဖြင့် ရွာဌာနခွဲစာရေးက အလွန်ဝမ်းသာသွားပြီး သူမကို စာရင်းကိုင်အလုပ် ပေးထားလေသည်။
တပ်ဖွဲ့တစ်ခုလုံးတွင် စာရင်းပြုစုရခြင်းက အလွယ်ကူဆုံးအလုပ်ဟု ဆိုနိုင်သည်။ လယ်ထဲ ဆင်းစရာမလိုဘဲ ဌာနခွဲစားရေလို ခေါင်းဆောင်လို အလုပ်ကို ကိုယ်တိုင် တာဝန်ယူထားရုံပင်။ သူတို့သည် အဖွဲ့ဝင်များလို ချွေးများလည်း ထွက်စရာမလိုချေ။ တပ်ဖွဲ့တွင် ထိုင်ပြီး နေ့တိုင်း အားလုံးအတွက် စာရင်းများ လုပ်ပေးနိုင်သည်။ ထို့အပြင် အမှတ်ပြည့်လည်း ရသေးသည်။
တစ်ဖွဲ့လုံးက လူတိုင်းက အားကျကြလေသည်။
ရွှီရှောင်ကျောင်းကဲ့သို့ပင် မိန်လင်ရွာတွင် အလုပ်မလုပ်ကြသည့် ပညာတတ်လူငယ်တချို့လည်း ရှိသေးသည်။
သူတို့သည် အဖွဲ့လိုက် ခွင့်ယူဖို့ တိုက်ရိုက် တောင်းဆိုခဲ့ကြသည်။
ဒါက ရွာဌာနခွဲစာရေးကြီးကို အမျက်ထွက်စေတော့သည်။ ပုံမှန်အချိန်ဆိုရင်တော့ အဆင်ပြေပါသေးတယ်။ အခုတာ့ စိုက်ပျိုးရေးရာသီမှာ အလုပ်အများဆုံးအချိန်လေ။ လူအင်အား အလိုအပ်ဆုံးအချိန်။ မိသားစုထဲက အရွယ်မရောက်တရောက် ကလေးတွေတောင် လာပြီး ကူညီပေးရတာ။ အရွယ်အကောင်းဆုံးဖြစ်နေတဲ့ ပညာတတ်လူငယ်တွေထဲက တစ်ယောက်မှ အလုပ်လုပ်ဖို့ စိတ်ကူးမရှိကြဘူးတဲ့။
ဟန်ကွမ်းဟွေက ခေါင်းဆောင်ပြီး ခွင့်ပေးဖို့ တောင်းဆိုခဲ့သည်။ အဓိပ္ပာယ်မှာ ရှင်းရှင်းလေးပင်။ ဌာနခွဲစာရေးက ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူတို့သည် အလုပ်သွားလိမ့်မည် မဟုတ်ပေ။
ဌာနခွဲစာရေးက ဆောင်းဦးကောက်ရိတ်ချိန်တွင် သူတို့က မပါဝင်ခဲ့လျှင် နှစ်သစ်ကူးကာလရောက်လျှင် ရမှတ်စုစုပေါင်းကို တစ်ဝက်ဖြတ်ပစ်မည်ဟု ချက်ချင်း ပြောလိုက်သည်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romantizmရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...