အပိုင်း (၄၀) လက်ဆောင်များ

487 74 0
                                    

အပိုင်း (၄၀) လက်ဆောင်များ

ဘာငွေကို လိမ်ရမှာလဲ။ ပြန်လည်ကုစားရေးအတန်းက ကျောင်းသားတွေအားလုံးမှာ စာချုပ်တွေ ရှိတာပဲ။ သူတို့တွေ စာမေးပွဲကျရင် သူတို့တွေက ငါလေးကို လာရှာပြီး ငွေပြန်ထုတ်ရုံပဲကို။

ရွှီရှောင်ကျောင်းက သူမ၏လက်ချောင်းများကို ညှစ်လိုက်ပြီး ရေတွက်လိုက်လေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းက ထွက်လာပြီပဲ။ ကြည့်ရတာ ဝင်ခွင့်အသိပေးစာ ထုတ်ပေးရမဲ့အချိန်ရောက်နေပြီ။ လူ၂၀ကျော်ရှိတယ်။ ဧကန္တ သူတို့အားလုံးက စာမေးပွဲကျသွားတာများလား။

“ဟုတ်ကဲ့ပါ အဒေါ် တခြားလူတွေရဲ့ ပေါက်ကရစကားတွေကို နားမထောင်နဲ့နော်၊ မြို့ဝန်မင်း ရှိနေမှတော့ အာမခံချက်တစ်ခုကတော့ ရှိပါတယ်၊ ကျွန်မက ဘယ်လိုလုပ်ပြီး ငွေလိမ်လို့ရမှာလဲ၊ ကျွန်မ အိမ်ပြန်ပြီး ဘာဖြစ်နေတာလဲဆိုတာ ကြည့်လိုက်အုံးမယ်”

သူမက တည်ငြိမ်ပြီး အလျင်မလိုနေသည်ကို တွေ့လိုက်ရသည့်အတွက် ထိုအဒေါ်က ခေါင်းညိတ်ပြလိုက်လေသည်။

“ငါ ပြောပါတယ်၊ ရှောင်ကျောင်း နင်က ဒီလိုသိက္ခာမဲ့တဲ့ကိစ္စမျိုး မလုပ်နိုင်ပါဘူးလို့၊ ဒီနှစ် ငါ့အကြီးဆုံးသားကို ပေးခဲ့တဲ့ စိုက်ပျိုးရေးနည်းပညာစာအုပ်လေ၊ သူက အဲဒီစာအုပ်ထဲအတိုင်း မြေတွေကို စိုက်ပျိုးခဲ့တာ၊ သူ နားမလည်ရင် နင့်ကို မေးလိုက်ရတယ်လေ ဟုတ်တယ်နော်၊ နင် မသိလို့ပါ၊ ဒီနှစ် ငါတို့သီးနှံက အရမ်းကို အထွက်ကောင်းနေတာ၊ ငါတို့အကြီးဆုံးကတော့ ဒီနှစ် မိန်းမတစ်ယောက် ယူနိုင်တော့မယ်၊ ဒါတွေအားလုံးက နင့်ကျေးဇူးကြောင့်ပါ”

ရွှီရှောင်ကျောင်းက လက်ခါပြလိုက်ပြီး “ဒါက ကျွန်မ လုပ်သင့်တဲ့အရာပဲ၊ အစ်ကိုတာ့နျို လက်ထပ်ရင် ကျွန်မ မင်္ဂလာသကြားလုံး သွားစားအုံးမယ်”

ထိုအဒေါ်က ရယ်မောလိုက်ပြီး

“ရတာပေါ့”

သူမက ထွက်သွားဖို့ရန် အလျင်မလိုပေ။ သူမက ရွှီရှောင်ကျောင်းနားသို့ ကပ်သွားပြီး လမ်းလျှောက်ရင်း တီးတိုးပြောတော့သည်။

၇၀ ခုနှစ်က နုနယ်သောဇနီးလေးWhere stories live. Discover now