အပိုင်း (၄၀.၂)
“နင် အစားအသောက်ပဲ ဝယ်လာမယ်လို့ ထင်ထားတာ၊ စုန့်ဝေဖျင် နင်က ငါ့ကို ဒီလိုလက်ဆောင်မျိုးလည်း ပေးနိုင်တာပဲကိုး”
အရင်ကဆိုလျှင် သူ ခရီးထွက်လျှင် ဝယ်လာခဲ့သည့်အရာအများစုက အစားအသောက်သာ ဖြစ်လေသည်။
စုန့်ဝေဖျင်က သူမကို ဖွင့်ဖို့ မျက်ရိပ်ပြလိုက်လေသည်။ သူသည် သူမအတွက် ဝယ်ပေးဖို့ မစဥ်းစားခဲ့ခြင်း လုံးဝမဟုတ်ခဲ့ဘဲ ရုပ်ဆိုးသည်ဟု ထင်မိသောကြောင့်ပင်။ သူက သူမကို ဆွဲကြိုးနှင့် ကျောက်မျက်ရတနာများကို အမြဲတမ်း ဝယ်ပေးချင်ခဲ့သော်လည်း သူ တွေ့ခဲ့သည့် ပစ္စည်းများက အရမ်းကောင်းမနေခဲ့ပေ။ သူသည် ပစ္စည်းကောင်းကိုလည်း မတတ်နိုင်ပေ။ သူမက သည်နားကပ်များကို ကြိုက်လောက်သည်။ တခြားပစ္စည်းများကိုတော့ သူက သူမအတွက် နောက်မှ ဝယ်ပေးရလိမ့်မည်။
ရွှီရှောင်ကျောင်းအတွက်တော့ သည်လို အကောင်းစားလက်ရာဘူးတစ်ခုကို တွေ့ရသည်က ပထမဆုံးအကြိမ်ပင်။ ဘူးပေါ်ကအသားလေးက ပွအိအိနှင့် အလွန်မှ သက်သောင့်သက်သာရှိလှသည်။
ဘူးငယ်လေးကို ဖွင့်လိုက်တော့ လက်ရာမြောက်ကာ သေးငယ်သည့် နားကပ်တစ်ရံက ပေါ်လာသည်။
ရွှီရှောင်ကျောင်းသည် ထိုပစ္စည်းကို ကြည့်လိုက်ပြီး သဘောကျသွားကာ
“စုန့်ဝေဖျင် ငါ အနီရောင်ကြိုက်မှန်း နင် ဘယ်လို သိတာလဲ၊ အရမ်းလှတာပဲ”
နားကပ်နှစ်ရံက မကြီးပေ။ ငွေဖြူရောင်ဘောင်ထဲတွင် သလဲသီးစေ့ထက် ပိုပြီးသေးငယ်သည့် ကျောက်နီနှစ်လုံးကို စီခြယ်ထားသည်။ ကျောက်များက နုပျိုသည့်အငွေ့အသက်တစ်ခုရှိပြီး အလွန်မှ လှပလေသည်။
သူမက ချက်ချင်း ထရပ်လိုက်ပြီး နားကပ်များကို ဝတ်ဖို့ မှန်ဆီသွားလိုက်လေသည်။ သူမက သူ့ကို လှည့်မေးလိုက်သည်။
“ဘယ်လိုလဲ”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်သည်။ အလွန်လှပလေကာ သူ စိတ်ကူးထားသည့်အတိုင်းပင်။
ရွှီရှောင်ကျောင်းသည် ပင်ကို အသားအရေလှသူဖြစ်လေသည်။ အနီရောင်နားကပ်များက သူမ၏ လည်တိုင်ကို အလွန်တောက်ပနေစေကာ လူများကို ထိချင်စိတ်ဖြစ်သွားစေတော့သည်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...