အပိုင်း (၄၁) မြို့သို့အလုံးအရင်းပြန်ကြခြင်း
စုန့်ဝေဖျင်က သူမကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ခုဖြင့် ကြည့်လိုက်ပြီး
“အနှိပ်ဝန်ဆောင်မှု”
ရွှီရှောင်ကျောင်းက အစပိုင်းတွင် သူဆိုလိုသည့်စကားကို နားမလည်ချေ။ ထို့ကြောင့် သူမက ထိုအကြောင်းကို စဥ်းစားလိုက်ပြီးမှာ ခေါင်းညိတ်လိုက်လေသည်။
“နင် ခက်ခဲနေတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ နင့်အတွက် နည်းနည်းလောက် နှိပ်ပေးလို့ရပါတယ်”
သူမ၏စိတ်က သေချာပြန်စဥ်းစားလိုက်မိချိန်မှ သူသည် သူ့လက်မောင်းကို စိတ်ဆိုးဆိုးဖြင့် ပုတ်လိုက်ပြီး
“ဟဲ့ စုန့်ဝေဖျင် နင် အခု ဆိုးလာပြီပဲ”
စုန့်ဝေဖျင်က ပြုံးလိုက်ပြီး သူမကို ပေးရိုက်ထားလိုက်ကာ
“ဒါက အစကတည်းက သဘောတူထားတာပဲလေ၊ ဆယ်ခါ တစ်ခါဆို၊ ငါ မင်းကို အများကြီး နှိပ်ပေးပြီးပြီ၊ မင်းက တစ်ခါလောက် လဲပေးလို့မရဘူးလား”
ရွှီရှောင်ကျောင်းက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
“မရပါဘူး၊ နင် တစ်ခါ နှိပ်အခံပြီးပြီပဲ”
ထိုအချိန်က သူ့ကို နှိပ်ပေးခဲ့သည်ကို စဥ်းစားမိလိုက်သည်တွင် ရွှီရှောင်ကျောင်းက အနည်းငယ် ပူလာသလို ခံစားရပြန်သည်။
“စုန့်ဝေဖျင် ငါ့ကို စကားလာမပြောနဲ့တော့၊ ငါ အိပ်တော့မယ်”
စုန့်ဝေဖျင်က သူမကို ချော့မော့လိုက်ပြီး
“အင်းပါ၊ ရယ်စရာ မပြောတော့ဘူး၊ အလုပ်ကိစ္စပြောပြမယ်၊ အခုတလော ငါ ခရီးခဏခဏ ထွက်ရလိမ့်မယ်”
ရွှီရှောင်ကျောင်းက သူတို့၏ သယ်ယူပို့ဆောင်ရေးအဖွဲ့၏လှုပ်ရှားမှုက လတ်တလောတွင် အကြိမ်ရေ စိတ်လာသည်ကို သတိထားမိခဲ့ရာ
“ကုန်စည်နဲ့ စျေးကွက်သမဝါယမ၊ စျေးဆိုင်တွေရဲ့ အရာင်းက မဆိုးတာ ငါ သတိထားမိတယ်၊ ပစ္စည်းတွေက ဆောင်းရာသီထက် နွေရာသီမှာ ရောင်းရတာ ပိုခက်တယ်၊ နင် ရှေ့ရက်တွေက ဘာလို့ အလုပ်ပိုများနေတာလဲ”
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...