အပိုင်း (၈) အနီရောင်ဝတ်စုံ
စုန့်ဝေဖျင်နှင့် အဘွားစုန့်တို့ ပြန်သွားသောအခါ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို စောစောက ခွဲထားပြီးသားဖြစ်သည့် ဂျုံဖြူ ၅ကျင်းနှင့် ပြောင်းမှုန်း ၅ကျင်းကို လှမ်းပေးလိုက်လေသည်။
“နင်နဲ့ အဘွား စားဖို့၊ ချွေတာနေစရာမလိုပါဘူး”
ငယ်ငယ်ကတည်း သူမ၏စိတ်ထဲတွင် စွဲမှတ်ထားသည့် သဘောတရားမှာ ငွေဟူသည် သိမ်းထားခြင်းမှ ရလာသည် မဟုတ်ဘဲ ရှာဖွေခြင်းက ရလာခြင်းပင်။ ပစ္စည်းများကလည်း ထို့အတူပင်။ လူတစ်ယောက်က ငွေ စုဆောင်းဖိုရန် အငတ်ခံနေလျှင် ငွေရှာဖို့မပြောနှင့် ဘာကိုမှ ကောင်းကောင်း လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမတွင် စိတ်ကူးတချို့ ရှိပြီးသားပင်။ လက်ထပ်ပြီးသွားသည်နှင့် သူမသည် ထိုကိစ္စကို အကောင်အထည် ဖော်ရလိမ့်မည်။
စုန့်ဝေဖျင်သည် အခိုက်တန့် စကားပြောနိုင်ပေ။ ရွှီရှောင်ကျောင်းက သူ့ကို ထပ်ပြီး တွတ်လိုက်ကာ
“အရမ်းလေးနေပြီ၊ ပြီးတော့ နောက်ဆိုရင် ငါတို့တွေက မိသားစုတစ်ခုထဲလေ၊ အစားအသောက် နည်းနည်းလေးကို နင်က ဒီအစားအသောက်အတွက် ငါနဲ့ တွန်းလိုက်ဆွဲလိုက် လုပ်ချင်နေတယ်၊ ယူထားလိုက်၊ အဘွားစားဖို့ ကောင်းတာတွေ လုပ်ကျွေးလုပ်အုံး”
စုန့်ဝေဖျင်က လေးလံသည့် ကုန်ခြောက်အိတ်နှစ်အိတ်ကို ယူလိုက်ပြီး ‘အင်း’တစ်လုံးနှင့် ပြန်ဖြေလိုက်ကာ
“ဌာနစာရေးကို သွားရှာဖို့ ခဏနေ ငါ မင်းကို လာကြိုပေးမယ်”
မိတ်ဆက်စာ ရလာပြီးနောက် အပြန်လမ်းတွင် စုန့်ဝေဖျင်က ခါတိုင်းလို နှုတ်ဆိတ်နေလေသည်။ ရွှီရှောင်ကျောင်းက ထိုကိစ္စကို ကျင့်သားရနေပြီးဖြစ်ကာ
“ဒါဆို ငါတို့တွေ မနက်ဖြန် အသိအမှတ်ပြုလက်မှတ် သွားယူကြမလား”
စုန့်ဝေဖျင်သည် သူ့လက်ထဲတွင် မိတ်ဆက်စာရွက် ပါးပါးလေးကို ကိုင်ထားလေသည်။ အမှောင်အတိ ဖုံးလွှမ်းနေသည့်ကြားတွင် သူ့မျက်နှာပေါ်၌ ဘာအမူအရာကိုမှ မတွေ့နိုင်ပေ။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Любовные романыရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...