အပိုင်း (၁၅) နင်က ငါ့ထက် ပိုတော်တယ်
ဝက်စတူး ၆ကျင်းသည် ၁၂ယွမ်ကျသင့်လေသည်။ အသားစိမ်း ၇ကျင်းစာ ကုန်ကျစားရိတ်ကို နှုတ်လိုက်ပြီးနောက် သည်အမှာစာက ၅-၆ယွမ်လောက် မြတ်နိုင်သည်။
လီယုံဟိုင်နှင့် ဟန်ကွမ်းဟွေတို့ကတော့ စုန့်ဝေဖျင်က သူတို့၏ငွေများကို မြတ်သွားမှန်း မသိလိုက်ကြပေ။ လီယုံဟိုင်သည် သည်နေ့ သူဝယ်လာသည့် အသားတစ်တုံးကို လှီးကာ ဟန်ကွမ်းဟွေအတွက် ဝိုင်ခွက်လေးတစ်ခုကို လောင်းထည့်ပေးလိုက်သည်။ ဟန်ကွမ်းဟွေက အစားအသောက်ကို ကျေနပ်သွားသည်ကို တွေ့လိုက်ရဖြင့် သူက မေးလိုက်လေသည်။
"ဘယ်လိုလဲ၊ ငါကတော့ မဆိုးဘူးလို့ ပြောရမယ်၊ ဒါက အစိုးရပိုင် စားသောက်ဆိုင်က ဆားလေးတဲ့ဝက်စတူးထက် အဆ၁၀၀လောက် ပိုအရသာရှိတယ်မလား"
သူသည် စိတ်ပျော်နေရာ သူ့ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး
"ငါ ပြောသလိုပဲ အရသာရှိတဲ့ ဘယ်အရာဖြစ်ဖြစ် ငါ့နှာခေါင်းအောက်က ပြေးမလွှတ်ပါဘူးဆို"
ဟန်ကွမ်းဟွေကလည်း ကျေနပ်သွားလေသည်။ သူသည် အသားကို ဘယ်ကရခဲ့သလဲဟု လီယုံဟိုင်ကို မမေးလိုက်ချေ။ မည်သို့ဆိုစေ သူသည် ဂရုမစိုက်ပါ။
"မင်း ဒီနေ့ မှာခဲ့လား"
လီယုံဟိုင်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး
"အလုပ် ပြီးဖို့တော့ မင်း ငါ့ကို စိတ်ချထားလိုက်၊ အချိန်တန်ရင် မင်း လေးစားမှုတွေ တသီကြီးရလိမ့်မယ်လို့ ငါ အာမခံတယ်"
ထိုကိစ္စမှ သူရခဲ့သည့် ကော်မရှင်ခကို စဥ်းစားရင်း လီယုံဟိုင်သည် တဟင်းဟင်းရယ်မော့ စကားကောင်းများကို ငွေမကုန်သည့်နှယ် ပြောလိုက်လေသည်။
"ငါ မင်းကို ပြောလိုက်မယ်နော်၊ ငါဆိုတဲ့ လီယုံဟိုင်ကလေ မင်းကလွဲရင် ဘယ်သူ့ကိုမှ အားကျတာမဟုတ်ဘူး၊ မင်းက အရမ်းကို အထင်ကြီးစရာကောင်းနေပြီ"
သူသည် ဟန်ကွမ်းဟွေ၏ နှလုံးရောဂါကို သိလေသည်။ ထို့ကြောင့် သူ့နှလုံးသားကို ပစ်မှတ်ထားခဲ့မှန်း ပြောစရာမလိုရာ သူက ပြောလိုက်လေသည်။
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...