အပိုင်း (၄.၂)
“စုန့်ဝေဖျင် ရုတ်တရက်ကြီး ဘာလို့ အဲလောက်မြန်မြန်လျှောက်နေတာလဲ”
ရွှီရှောင်ကျောင်းက ခြေလှမ်းများကို အရှိန်တင်ထားသည့် ထိုယောက်ျားကို ကြည့်လိုက်၏။ သူမက သူ့အင်္ကျီကို လက်ဆန့်ကာ လှမ်းဆွဲလိုက်ပြီး
“နင် ဘာလို့ အရမ်းစိတ်ဆိုးနေတဲ့ပုံ ဖြစ်သွားတာလဲ၊ ကျစ်။ အရမ်းတွက်ကပ်တာပဲ၊ ငါ နင့်အကူအညီ မလိုတော့ဘူး၊ ရတယ်၊ ငါ့အလုပ်ကို ငါပဲ လုပ်ပါ့မယ်”
ဟွန့်။ သူ မလုပ်ချင်ဘူးဆိုရင်တောင် နောက်ပိုင်းကျရင် သူ့ကို လုပ်ခိုင်းဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီးရှိပြီးသား။
စုန့်ဝေဖျင်က ခဏရပ်လိုက်၏။ တနည်းနည်းဖြင့် စိတ်ရှုပ်သွားက သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ၏မူလ ခံစားချက်မဲ့သည့်မျက်နှာ ပြန်ဖြစ်သွားတော့သည်။
“ငါ နင့်ကို ကူညီမှာပါ”
အဲလိုမှပေါ့။
“ဒါဆို နင် ငါပြောတာကို သဘောတူသွားပြီပေါ့၊ နောက်ဆုံးရင် ငါ့ကို ပိုကောင်းကောင်း ဆက်ဆံနော်၊ ဘေးမှာ ဘယ်သူမှ မရှိတဲ့အချိန်ဆိုရင်တော့ နင် လုပ်ချင်တာ လုပ်လို့ရတယ်၊ လူရှေ့မှာတော့ နင် ကောင်းကောင်း ပြုမူရမယ်” ရွှီရှောင်ကျောင်းက အခွင့်အရေးကို အသုံးချပြီး တောင်းဆိုလိုက်တော့သည်။
“ကောင်းပြီ”
“ပြီးတော့ နင်က လက်တွဲပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါကပဲ နင့်ရဲ့အရေးကြီးဆုံးလူ ဖြစ်ရမယ်၊ တခြားမိန်းကလေးတွေ လာဖွင့်ပြောခဲ့ရင် နင် ငြင်းရမယ်နော်၊ ဒါပေါ့၊ ငါလည်း အဲလိုပဲ လုပ်မှာ”
“ငါတို့နှစ်ယောက်က လက်ထပ်တော့မယ်၊ အခု ငါတို့တွေက နောက်ဆိုရင် ဆိုးအတူ ကောင်းဖက် ကံတရားတွေကို မျှဝေရမယ်၊ ငါက နင့်အတွက် အဘွားအပေါ် လိမ္မာသိတတ်ပေးမယ်၊ လူတွေရှေ့မှာဆိုရင် ငါက နင့်ရဲ့ဂရုစိုက်တတ်ပြီး လိမ္မာတဲ့ဇနီး ဖြစ်ပေးမယ်၊ ငွေရှာတာတွေ ငွေတွေကို ဝှက်ထားပြီး ငါ့ကို ပေးမသုံးတာတွေ အဲလိုကိစ္စတွေ မလုပ်ပါဘူးနော်”
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
عاطفيةရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...