အပိုင်း (၂၃) ရုပ်ရှင်ကြည့်မယ်
“ရဲဘော်ရွှီရှောင်ကျောင်း နင်က မိန်လင်ရွာမှာ ငါတို့အတွက် နာမည်တစ်ခုရအောင် လုပ်ပေးခဲ့တယ်၊ ဌာနခွဲစာရေးအိုကြီးဖြစ်တဲ့ ငါက နင်နဲ့လိုက်ပြီး ဂုဏ်တက်ခဲ့ရတယ်”
သူတို့သည် မြို့တက်ပြီး အတူတူသတင်းသွားခဲ့ချိန်က စီရင်စုခေါင်းဆောင်ရောက်လာသည်နှင့် မမျှော်လင့်ဘဲ ဆုံခဲ့ရသည်။ သူတို့ရွာ စိုက်ပျိုးရေးသင်တန်းတွင် ကောင်းမွန်သည့်လုပ်ဆောင်တစ်ခု ပြီးမြောက်ခဲ့ပြီး အထွက်နှုန်းလည်း ၃၀% တိုးလာခဲ့ရာ သူတို့သည် သူ့ကို ချက်ချင်း ကြိုဆိုပြီး သူ့အောင်မြင်မှုများအတွက် ချီးကျူးစကား ပြောခဲ့ကြသည်။
လောင်ဝမ်၏ တစ်ဘဝလုံးတွင် သည်လို အထက်လူကြီးတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
ခုနကပင် နောက်ပိုင်းမျိုးဆက်များတွင် လူများက အိမ်နှင့်မဆန့်ဘဲ စျေးတစ်ခုလို စည်ကားနေတော့သည်။ အခုတော့ လူများ ခွဲသွားကြရာ ရွှီရှောင်ကျောင်၏ မူးနောက်နေသည့်ခေါင်းက တည်ငြိမ်သွားတော့သည်။ စုန့်ဝေဖျင်သည် သူမက ဆူညံ့သံကို သိပ်မကြိုက်မှန်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက သူမသောက်ဖို့ရန် ပျားရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
ရွှီရှောင်ကျောင်းက ပျားရည်ကို သောက်လိုက်ပြီး ရွာဌာနခွဲစာရေးကို နှုတ်ဆက်လိုက်ပြီး
“ဒါတွေအားလုံးက ဌာနခွဲစာရေးကြီးကြောင့်ပါ၊ ကျွန်မက ဒီလိုအသုံးဝင်မှန်း ရှင်သာ ရှာမတွေ့ခဲ့ရင် ကျွန်မလည်း ဒီလိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ရှင်လည်း သင်တန်းလက်စွဲစာအုပ်ကို တွေ့ခဲ့တာပဲ၊ ကျွန်မမိသားစုရဲ့ ကိုကိုဝေဖျင်က ကျွန်မအတွက် အားလုံး ပြင်ဆင်ထားပေးခဲ့တာ၊ ကျွန်မ တစ်ယောက်ထဲသာဆိုရင် ဒါကို ကောင်းကောင်းလုပ်နိုင်မှာတောင် မဟုတ်ဘူး”
ဌာနခွဲစာရေးကြီးက ခေါင်းတွင်တွင်ညိတ်လိုက်ပြီး
“ကောင်းတယ် ကောင်းတယ်၊ ကောင်းတယ် ငါတို့တွေက တည်ဆောက်ရေးတွေ လုပ်နေတာလေ၊ ငါတို့တွေက အချင်းချင်း ကူညီပေးနိုင်တဲ့ နင်တို့လို အကြင်လင်မယားတွေကို လိုအပ်တယ်၊ ဒီတစ်ခါတော့ စီရင်စုခေါင်းဆောင်က အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်က ကျောင်းသားတွေကို သင်တန်းပေးဖို့ နင့်ကို မေးခိုင်းထားတယ်၊ နင် မငြင်းရဘူးနော်”
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romansaရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...