အပိုင်း (၄၂) ကျေးဇူးပါ မိန်းမ
ဝူချွန်းဟွားက သမီးဖြစ်သူ ဆွံ့အနေသည့်ရုပ်ကို ကြည့်ရင်း နောက်တစ်လှမ်း ဆုတ်လိုက်ကာ ခိခနဲ ထရယ်တော့သည်။ သူမက မျက်ရည်များကို သုတ်လိုက်ပြီး ပြစ်တင်လိုက်လေသည်။
“နင်တို့ လူငယ်စုံတွဲတွေကတော့လေ”
ရွှီရှောင်ကျောင်းက ငေးကြောင်ကြောင်ဖြင့် သူမ၏လုံးများကို ဖွင့်ထားကာ
“စုန့်ဝေဖျင် နင် ဘာလုပ်နေတာလဲ၊ လူတွေအများကြီးရှိနေတယ်လေ”
အမှန်တွင်တော့ စုန့်ဝေဖျင်သည် အဒေါ်ဝမ်က မြေကြီးပေါ်တွင် ငိုယိုနေသည်ကို တွေ့လိုက်ရချိန်ကတည်းက အားလုံး ပြောနေကြသူမှာ ဝမ်ကွေးယွဲ့အကြောင်း ဖြစ်မှန်း နားလည်ပြီးသား ဖြစ်လေသည်။ သို့သော် ထိုအချိန်တွင် သူ့ရင်ထဲ၌ ဆုံးရှုံးမှုနှင့်စိတ်ဓာတ်ကျမှုများကို မနေနိုင်ဘဲ ခံစားရလိုက်တော့သည်။
ကိစ္စက ပြီးခဲ့သည့်တစ်ခါက်နှင့် မတူမှန်း သူ သေချာနားလည်လိုက်သည်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူတို့တွေ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေလို့ရတယ်ဆိုတဲ့သတင်း ကြားတော့ သူက သူမအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ လိုအပ်တဲ့ပစ္စည်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြင်ဆင်ပေးနိုင်ခဲ့သေးတယ်။ သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေချင်လို့ ထွက်သွားမယ်ဆိုရင် သူက တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ပို့ပေးနိုင်တယ်လေ။
ဒါပေမဲ့ ဒီတစ်ခါတော့ သူ အဲလို ထပ်ပြီးမလုပ်နိုင်တော့ဘူး။ သူထွက်သွားတော့မဲ့ ဖြစ်နိုင်ခြေကို စဥ်းစားမိတော့ သူ့မှာ ဒါကို လက်တောင်မခံနိုင်တော့ဘူးလေ။
“မင်း သွားလိုက်ပြီလို့ ငါ ထင်ခဲ့တာ” စုန့်ဝေဖျင်၏အသံက လုံးထွေးနေ၏။
ရွှီရှောင်ကျောင်း၏ခေါင်းက သူ့ပခုံးနှင့် ဖိကပ်ခံထားရပြီး
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ နင်တို့အားလုံး ဒီမှာရှိတဲ့ဟာ၊ ငါက ဘယ်သွားနိုင်အုံးမှာလဲ၊ ပြီးတော့ စုန့်ဝေဖျင် ငါက ပညာတတ်လူငယ် မဟုတ်တော့ဘူးလေ၊ ငါ့အိမ်ထောင်စုစာရင်းက နင့်နာမည်အောက်မှာလေ၊ နင် ဘာတွေ စဥ်းစားနေတာလဲ”
YOU ARE READING
၇၀ ခုနှစ်က နုနယ်သောဇနီးလေး
Romanceရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ...