💘Chapter 74
သုံးဆယ့်တစ်အရောင်းဌာန၏ ဒါရိုက်တာက စင်ပေါ်၌ လှည့်ပတ်လျောက်နေခဲ့ကာ နောက်တစ်ကြိမ်အတွက် တိုးတက်မှုများနှင့် နောက်သုံးလ၏ စွမ်းဆောင်မှုက ကျိန်းသေပေါက် တိုးတက်လာသည်ကို မြင်စေရပါမည်ဟု ပြောနေခဲ့သည်။ အနာဂတ်၏ အလားအလာကောင်းသော ပန်းချီကားကို ရေးဆွဲပြီးနောက် သူက သိမ်မွေ့စွာ ခေါင်းညိတ်၍ တုံ့ပြန်နေခဲ့သော ကျူးကောဖုန်းကို စိုက်ကြည့်လိုက်သည်။
ထို့နောက် ဒါရိုက်တာက သူ၏ထိုင်ခုံသို့ ပြန်သွားခဲ့ကာ တိတ်တဆိတ် သူ့ကိုယ်သူ ကျေနပ်နေခဲ့သည်။
"အထွေထွေမန်နေဂျာကျူးကော...မင်း အိပ်ပျော်နေတာလား..."
ကျိုးထုံဖမ်းက သူ၏ ထိုင်ခုံကို မှီ၍ မခိုးမခန့်ရယ်လိုက်သောအခါ သူ၏ မျက်လုံးများက လှီးထားသည့်အရာကဲ့သို့ကျဉ်းမြောင်းသွားခဲ့သည်။
သူ၏ မျက်လုံးများကို ပိတ်ထားသော ကျူးကောဖုန်းက မျက်ခွံကို ပင့်တင်ရန် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။
"ဟုတ်တယ်...ဒီထုတ်ပြန်ချက်ကို နားထောင်ပြီးတော့ ငါ့ရဲ့နားတွေက နာကျင်နေတယ်...ဒါရိုက်တာရှု...မင်းက အရင်သုံးလနဲ့ တူညီတဲ့အရာကိုပဲ ပြောခဲ့တာဘဲ...မင်း ဘာလို့ ဒီသုံးလမှာပါ အဲ့ဒါကို ထပ်ပြောနေတာလဲ...မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ကျရှုံးခဲ့ပုံပေါ်တယ်..."
အရောင်းဌာန၏ဒါရိုက်တာက သူ၏ ခေါင်းကို ငုံ့လိုက်ပြီး အရှက်ရဟန် ဆောင်ခဲ့သော်လည်း သူ၏ ပါးစပ်ထောင့်များက အပေါ်သို့ ကော့တက်နေကာ သူ့၌ စိုးရိမ်ပူပန်မှုမရှိကြောင်း ပြသနေခဲ့သည်။
"အထွေထွေမန်နေဂျာကျူးကော...ခေါင်းစဉ်ကို မပြောင်းလိုက်ပါနဲ့...ဝေ့ချန်က ကုမ္ပဏီရဲ့ စွမ်းဆောင်နိုင်မှုမှာ သုံးဆယ်ရာခိုင်နှုန်း တိုးတက်အောင်မြင်နိုင်မှာ လို့ အရင်လက ယုံကြည်ချက်ရှိရှိနဲ့ အခိုင်အမာ ပြောခဲ့တာက ဘယ်သူလဲ...ဒါပေမယ့်...အခုတော့ ရလဒ်တွေကို ကြည့်လိုက်ပါဦး...တိုးတက်လာရမဲ့အစား...စွမ်းဆောင်နိုင်မှုက ကျဆင်းသွားတယ်...အထွေထွေမန်နေဂျာကျူးကော...ကြည့်ရတာ ခင်ဗျားက လူတွေကို အကဲဖြတ်တဲ့နေရာမှာ မတော်တော့တဲ့ပုံပဲ..."
ကျူးကောဖုန်းက ခေါင်းစဉ်ပြောင်းသည်ကို အလိုမရှ်ိခဲ့ဘဲ ကျိုးထုံဖမ်းက ပြောခဲ့သည်။

YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday မှာ တစ်ပတ်စာပေါင်းတင်ပေးပါမယ်