Chapter 65

882 122 2
                                    

💘Chapter 65
ဝေ့ချန်အအေးမိနေတယ်

ဝူဇီခန်း စကားဆုံးခါရှိသေး တံခါးကပွင့်သွားသည်။သို့ပေမဲ့ ဝင်လာသူက ဝေ့ချန်မဟုတ်ပေ။ဝူဇီခန်းယခင်ကတစ်ခါမှမမြင်ဖူးသော အနည်းငယ် အသက်ကြီးသည့် မျက်မှန်နှင့်လူတစ်ယောက်ဖြစ်ကာ မျက်နှာထားကတည်သည်။

"တဆိတ်လောက် ချန်ချင်းဒီမှာရှိလား"
ထိုလူက ဝူဇီခန်းကိုမေးလာသည်။

"ခင်ဗျားကဘယ်သူလဲ"
လာသည့်သူက ဘာကြောင့်ဝေ့ချန်မဟုတ်ရသလဲဟု ဝူဇီခန်းတွေးနေမိသည်။

"ငါက Bတက္ကသိုလ်က ဆရာတစ်ယောက်ပါ...ချန်ချင်း ဒီဘားမှာအရက်မူးနေတယ်လို့ တစ်ယောက်ယောက်က ငါ့ကိုဖုန်းဆက်​ပြောပြီး သူ့ကို လာခေါ်ပြီး ကျောင်းကိုပို့ခိုင်းလို့"

ထိုလူက သူ့နှာခေါင်းပေါ်ကမျက်မှန်ကိုတွန်းတင်ကာ ရှင်းပြ၏။

ဝူဇီခန်း ထိတ်လန့်သွားသည်။
"ဘယ်သူက အဲလိုပြောတာလဲ"

"ဝေ့ချန်"
ထိုလူက ပြန်ဖြေသည်။
"ဒါဆို ချန်ချင်း အခုဒီမှာရှိလား"

ဝူဇီခန်း စိတ်ထဲမှာအဖြေတစ်ခုရှိ​နေနှင့်ပြီဖြစ်ပေမဲ့ လက်တွေ့ကြားလိုက်ရသည့်အခါ အံ့ဩမိဆဲဖြစ်လေသည်။ဝေ့ချန်က သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ဝူဇီခန်းက ချန်ချင်းကိုအကြောင်းပြပြီး ဖုန်းခေါ်လိုက်လျှင် ဝေ့ချန်က အကုန်လုံးကိုလွှတ်ချပြီး အပြေးရောက်လာတတ်သည်။သူ့ကိုယ်ပိုင်ကိစ္စများကအရေးကြီးကြီးမကြီးကြီး၊ချန်ချင်း၏အခြေအနေက အရေးပေါ်ဖြစ်နေနေမနေနေ ကိစ္စမရှိပေ။သို့ပေမဲ့ ဤတစ်ခေါက်မှာ ဝေ့ချန်ကမလာရုံသာမက ဘာမှမသက်ဆိုင်သည်လူတစ်ယောက်ကိုပါ ချန်ချင်းကိုလာခေါ်ခိုင်းခဲ့၏။

ဝူဇီခန်း ဒေါသများတလိပ်လိပ်တက်လာပြီး သူ့ဖုန်းကိုထုတ်ကာ ဝေ့ချန်ကိုဖုန်းခေါ်မည်ပြုလိုက်သည်။

"ဘန်း..."

ချန်ချင်းက သူ့လက်ထဲကဝိုင်ခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ရာ သီးသန့်ခန်းထဲမှာ အသံအကျယ်ကြီးတစ်ခု ပဲ့တင်ထပ်လာသည်။အနီရောင်အရည်များနှင့် ကွဲကြေသွားသောဖန်စများက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည်။ချန်ချင်း၏မျက်နှာက ဖြူဖျော့နေပြီး ဘေးမှာချထားသောလက်နှစ်ဘက်က တဆတ်ဆတ်တုန်နေသည်။သူ၏မျက်လုံးများက အနည်းငယ်နီစွေးနေ၏။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now