Chapter 75

854 140 0
                                    

💘Chapter 75
ကိုယ်မင်းကိုနမ်းလို့ရမလား

အစည်းအဝေးခန်းထဲ၌ အပ်ကျသံကိုပင် ကြားနိုင်လောက်သည်အထိ သေမတတ်တိတ်ဆိတ်နေခဲ့သည်။

တကယ်တမ်းတွင် ထိုမျှထိ လုံးဝ တိတ်ဆိတ်နေခဲ့သည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ ကျိုးထုံဖမ်း၏ လေးလံသော အသက်ရှူသံကို ကြားနိုင်သေးသည်။

သူက နောက်တစ်စက္ကန့်၌ သူ၏ အသက်ရှူသံကို မဖမ်းမိနိုင်တော့သကဲ့သို့ ၎င်းက တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ လေးလံလာပုံပေါ်သည်။ ကျိုးထုံဖမ်းက ထိုနေရာ၌ပင် မူးမေ့မသွားသေးသည်က အံ့ဩစရာပင်။

သို့သော်လည်း အပြောင်းအလဲများကြောင့် ကျိုးထုံဖမ်းက ကျိုးပဲ့လွယ်နေခဲ့သည်။ နောက်ဆုံးတွင် ကျယ်လောင်သော ဘုတ်ကနဲအသံဖြင့် သူက မူးမေ့လဲကျသွားလေသည်။ သူ၏ လဲကျမှု ပြင်းအားနှင့် ဦးတည်ရာက ယူဆချက်လွဲခဲ့၍လားမသိ၊ သူ၏ အဝလွန်နေသော ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြိုလဲကျ သွားခဲ့ပြီး သူ၏ အဆီအပြည့်နှင့်အသားများကို တုန်ခါသွားစေခဲ့သည်။

ကျူးကောဖုန်းက ၎င်းကို တွေ့ပြီးနောက် ရှုံ့မဲ့မဲ့ဖြစ်သွားခဲ့ပြီး သူက ကျိုးထုံဖမ်းအတွက် စိတ်မကောင်းဖြစ်မှုကို ခံစားလိုက်ရသည်။

ကျိုးထုံဖမ်း၏ လဲကျသွားမှုကြောင့် သုံးလတစ်ကြိမ် အစည်းအဝေးက ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ပြောစရာရှိသည်အားလုံးက ပြောခဲ့ပြီး ဖြစ်ပြီး လုပ်စရာရှိသည်များကိုလည်း လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ အဆုံးတွင်တော့ ကျူးကောဖုန်းက ကျိုးထုံဖမ်းကို ဆေးဝန်ထမ်းက ခက်ခက်ခဲခဲ သယ်သွားရသည်ကို ကြည့်နေခဲ့ပြီး သူ၏ စိတ်ခံစားချက်က အားရ ကျေနပ်နေသည်ဟု ဖော်ပြ၍ရသည်။

ကျိုးထုံဖမ်းက ဆေးရုံသို့ ခေါ်ဆောင်သွားခံခဲ့ရပြီး အစည်းအဝေးခန်းထဲရှိ လူများကလည်း လူစုကွဲသွားခဲ့သည်။ သို့သော်လည်း သူတို့က ထွက်ခွာသွားမည့်အစား ဝေ့ချန်ထံသို့ လျှောက်လှမ်းသွားခဲ့ပြီး သူ့ကို ပျော်ရွှင်မှုဖြင့် ဂုဏ်ပြုပေးခဲ့ကြသည်။ ထိုလူများက မေ့လျော့လွယ်ကြသည်။ အစည်းအဝေးမစမီက သူတို့၏ ညစ်ပတ်သော အတွေးများကို မေ့လျော့နေခဲ့ကြသည်။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now