Chapter 66

952 122 0
                                    

💘Chapter 66
ဘေးပို့ခံထားရ

ချန်လီက ဝေ့ချန်ကို စိတ်ပူနေ၏။ဝေ့ချန် နေမကောင်းဖြစ်သည့်နေ့မှာ ချန်လီက သူ့ဘေးမှာနေပြီး သူ့ကိုတချိန်လုံးအဖော်ပြုပေးခဲ့သည်။တစ်ခါတရံ ဝေ့ချန် အလုပ်ထဲမှာစိတ်ရောက်ပြီး ဆေးသောက်ရန်​မေ့နေပါက ချန်လီကသူ့လက်ကိုကိုင်ပြီး သူ့ကိုစူးစူးစိုက်စိုက်ကြည့်ကာ ဆေးသောက်ရန်သတိပေးတတ်သည်။

ချန်လီ၏ကြီးကြပ်မှုကြောင့် နောက်တစ်နေ့ ဝေ့ချန် အလုပ်သွားချိန်မှာ သူ အခြေခံအားဖြင့် ပြန်ကောင်းနေခဲ့ပြီဖြစ်လေသည်။

တနင်္လာနေ့မနက်မှာ ဝေ့ချန် အိပ်ရာ နိုးလာပြီး သူ့စိတ်က လန်းဆန်းတက်ကြွနေခဲ့သည်။သူက ချန်လီ၏နဖူးပေါ် အနမ်းတစ်ပွင့်ပျိုးကာ ပြောလိုက်၏။

"ကျေးဇူးပါလီလီ"

ချန်လီက နိုးခါစဖြစ်၍ အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ကာ အခြေအနေကို အပြည့်အဝနားမလည်သေးပေ။သူ့ခေါင်းပေါ်မှာ ဆံပင်စုတ်ဖွားလေးက ထိုးထိုးထောင်ထောင်ဖြစ်နေသေးသည်။

မထိန်းနိုင်ဘဲ ဝေ့ချန် ချန်လီ၏ဆံပင်ကိုလှမ်း၍ဆွဲဖွလိုက်ပြီးမှ အိပ်ရာထဲကထွက်ပြီး ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းဆီဦးတည်လိုက်သည်။

ချန်လီက အချိန်အတော်ကြာထိုင်နေခဲ့ပြီး တဖြည်းဖြည်း အသိစိတ်များပြန်လည်းရှင်းလင်းလာသည်။၎င်းနောက် သူက လျင်မြန်သောလှုပ်ရှားမှုတစ်ခုဖြင့် ထရပ်ကာ ဖိနပ်စီးပြီး ရေချိုးခန်းဆီလျှောက်သွားခဲ့လေသည်။

ကိုယ်လက်သန့်စက်ပြီးနောက် ဝေ့ချန်က ချန်လီကိုရပ်ကွက်ထဲကပန်းခြံမှာ ပြေးရန်ခေါ်သွားပြီးမှ နှစ်ယောက်သားကုမ္ပဏီကိုဦးတည်ခဲ့လေသည်။

အခုနောက်ပိုင်း မားကတ်တင်းဌာနကဝန်ထမ်းများက အလွန်စိတ်အားတက်ကြွနေကြသည်။အလုပ်စရန်မိနစ်အနည်းငယ်လိုသေးသော်လည်း ဝန်ထမ်းအကုန်လုံးနီးပါးရောက်နေပြီဖြစ်ကာ ကိုယ်စီအလုပ်များထဲတွင် စျာန်ဝင်နေကြသည်။

ဝေ့ချန်ကိုမြင်လျှင် သူတို့က သူ့ကို"မောနင်း"ဟုနှုတ်ဆက်လိုက်ကြပြီး သူ့ဘေးမှာ ချန်လီကို မြင်ရသည်အား သူတို့ ကျင့်သားရလာ​နေပြီဖြစ်သည်။

အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)Where stories live. Discover now