💘Chapter 76
အနမ်းပြီးဝောာ့အနမ်းနွေရာသီ၏နေက ကြီးမားသော မီးပြင်းဖိုကဲ့သို့ ရဲရဲတောက်နေခဲ့သည်။ အခန်းတွင်းတွင် လေအေးပေးစက်ကို ဖွင့်ထားခဲ့သော်လည်း ၎င်းက နွေရာသီ၏ အပူနှင့် ခြောက်သွေ့နေသောလေတို့ကို ကြံ့ကြံ့မခံနိုင်ခဲ့ပေ။
ဤအချိန်၌ ဝေ့ချန်၏ ရင်ဘတ်ထဲမှ မရပ်မနားခုန်နေသော နှလုံးသားကိုတော့ ထည့်ပြောရန်ပင် မလိုတော့ပေ။
နေရောင်က အရောင်တင်ထားသော ရုံးခန်းကြမ်းပြင်တွင် နွေးထွေးသော အရောင်အဆင်းဖြင့် အရိပ်ထင်နေခဲ့ကာ လူတစ်ရပ်စာ ပြတင်းပေါက်ကို ဖြတ်ကျော်၍ ဝင်ရောက်လာခဲ့သည်။ ပေါင်းစပ်နေသော ပုံရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခု မှီတွယ်နေခဲ့ကာ အချိန်က ရပ်တန့်သွားသကဲ့သို့ သူတို့၏ နှုတ်ခမ်းများက စိတ်လှုပ်ရှားဖွယ် အနမ်းတွင် ပိတ်မိနေခဲ့သည်။
ချန်လီက လက်မအနည်းငယ်သာ ကွာဝေးသော ဝေ့ချန်၏ မျက်နှာကို ငေးကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းများ၏ နွေးထွေးမှုနှင့် ကြည်လင်နေမှုက ချန်လီ၏နှုတ်ခမ်းပေါ်တွင် စွဲကျန်နေခဲ့သည်။ သူက ကြက်သေသေနေခဲ့ကာ ဖြစ်ပျက်သွားခဲ့သည်များအား နားလည်ရန် ကြိုးပမ်းနေ၏။ ဝေ့ချန်က ရုတ်တရက် သူ၏ လက်ကို မြှောက်ကာ ချန်လီ၏ မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ အမှောင်ထုက ပတ်ရံသွားခဲ့ပြီး သူတို့၏ နှုတ်ခမ်းပေါ်မှ အာရုံခံစားမှုကို ပို၍ပြင်းထန်စေလေသည်။
၎င်းက နူးညံ့၍ နွေးထွေးသည်။
ဝေ့ချန်က အင်တင်တင်ဖြင့် သူ၏ ခေါင်းကို မခွာလိုက်ခင်အထိ ထိုအနမ်းက ရာစုနှစ်တစ်ခုမျှ ကြာရှည်ခဲ့သည်ဟု ခံစားလိုက်ရသည်။ သူက သူ၏ လက်ကို ဖြေလျော့လိုက်ပြီး သူ၏ နူးညံ့သောအကြည့်က ချန်လီ၏ ခံစားချက်များဖြင့် ပြည့်နေသော မျက်လုံးများဖြင့် တွေ့ဆုံသွားသည်။ မည်သည့်စကားလုံးမျှ မပြောခဲ့သော်လည်း သူတို့၏ မျက်လုံးများက အားလုံးကို ဖော်ပြနေခဲ့သည်။
ချန်လီက သူ၏ နှုတ်ခမ်းပေါ်မှ နွေးထွေးသော အထိအတွေ့ကို ခံစားမိနေဆဲဖြစ်ပြီး ဝေ့ချန်ကို ထပ်မံ စိုက်ကြည့်လိုက်သည်။ သူ ယခု ခံစားရသည်များကို စကားလုံးများဖြင့် မဖော်ပြနိုင်ခဲ့သော်လည်း သူ၏ အကြည့်က မထိန်းချုပ်နိုင်စွာ ဝေ့ချန်၏ နှုတ်ခမ်းများပေါ်သို့ ကျရောက်နေခဲ့သည်။

YOU ARE READING
အော်တစ်ဇင်ဇနီးလေးအား ကမ်းကုန်အောင်အလိုလိုက်ခြင်း (ဘာသာပြန်)
RomanceTitle - description မှာထည့်ပေးထားပါတယ် update - Tuesday မှာ တစ်ပတ်စာပေါင်းတင်ပေးပါမယ်