(Unicode)
မင်္ဂလာပါရှင်။
စာမရေးဖြစ်ဘဲ Wattpad ကနေ အချိန်အကြာကြီး ပျောက်နေခဲ့တဲ့ အပြုံးပန်း ဖြစ်ပါတယ်။ Writer's Block ကြောင့် ၂နှစ်ကျော်ကြာမှ စာတွေပြန်ရေးနိုင်ခဲ့ပါတယ်။ အခုလည်း Fic အသစ်လေးတစ်ပုဒ်နဲ့ စာဖတ်သူတွေဆီ ပြန်ရောက်လာပါပြီရှင်။
ဒီ Fic လေးက Interpol Thailand မှာအလုပ်လုပ်နေတဲ့ စုံထောက်နဲ့ ထိုင်းမှာ Master လာတက်နေတဲ့ Psycho Therapist တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒီထဲမှာထည့်သွင်းရေးသားမယ့် စုံထောက်ဆိုင်ရာ အမှုလိုက်ခြင်းအချက်အလက်တွေရယ်၊ စိတ်ပညာကုထုံးဆိုင်ရာအချက်အလက်တွေနဲ့ အလောင်းခွဲစိတ်စစ်ဆေးရေးဆိုင်ရာအချက်အလက်တွေကို အပြုံးအနေနဲ့ လက်လှမ်းမီသလောက် လေ့လာမှတ်သားပြီး ထည့်သွင်းရေးသားထားပါတယ်။ ထိုအချက်အလက်များကို ပညာရပ်တစ်ခုအနေနဲ့ လေ့လာဖူးသူမဟုတ်တဲ့အတွက် အကယ်၍ တစ်စုံတစ်ရာ လွဲမှားနေခဲ့တာမျိုးရှိခဲ့ပါက အပြုံးရဲ့အားနည်းချက်သာဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးက ချိုချိုခါးခါးလေးဖြစ်တဲ့အပြင် Rollercoaster စီးရသလိုမျိုး ခံစားချက်ကိုပေးနိုင်မယ့် ဇာတ်လမ်းလေးဖြစ်မယ်လို့ ထင်ပါတယ်။ အပိုင်းရေကတော့ များပါတယ်။ ဇာတ်လမ်းရှည်ဖြစ်တဲ့အတွက် ဖတ်ရတဲ့ခရီးလည်းရှည်ပါလိမ့်မယ်။ Update က တစ်ပတ်သုံးရက် မှန်မှန်တင်ပေးသွားမှာပါရှင့်။
ဒါဆို ဒီခရီးရှည်လေးကို အပြုံးနဲ့အတူ လိုက်ပါစီးမြောပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေရှင်။
Love you all🤍
အပြုံးပန်း
—————————————————————————
[ဤဇာတ်လမ်းတွင်ပါရှိသော ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကောင်၊ တည်နေရာဝန်းကျင် စသဖြင့်တို့သည် စာရေးသူအပြုံးပန်း၏ စိတ်ကူးအရ ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။ မည်သည့်အရာကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ ဤဇာတ်လမ်းအား ရသဝတ္ထုတစ်ပုဒ်အနေနဲ့သာ ဖတ်ရှူ့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကယ်၍ ဇာတ်ကြောင်းတိုက်ဆိုင်မှုရှိခဲ့ပါက အပြုံးပန်းအနေနဲ့ လေးစားစွာတောင်းပန်အပ်ပါသည်။ လေးစားစွာ ခရက်ဒစ်ပေးပါသည်။]
###################################################
(Zawgyi)
မင်္ဂလာပါရှင်။
Love you all🤍
အပြုံးပန်း
—————————————————————————
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...