Chapter 56

91 18 8
                                    

(Unicode)

ဟန်နွေးက ပန်းချီကိုဖတ်ကြည့်ပြီး သိလာရသမျှတွေကို ချမ်းထက်ခေါင်အား အကုန်အစင်ပြောပြလိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ငူငိုင်စွာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

"ဘယ်တုန်းကမှမထင်ခဲ့ဖူးတဲ့အရာတွေပဲ"

"ဟုတ်တယ်...ကျွန်တော်တောင် ဘာပြောရမှန်းမသိတော့ဘူး"

အတန်ကြာတဲ့အထိ နှစ်ယောက်လုံး တိတ်ဆိတ်နေပြီး အတွေးများနေကြသည်။ စီးပွါးရေးလောကမှာ အောင်မြင်နေတဲ့လုပ်ငန်းရှင်သူဌေးနှစ်ယောက်ရဲ့နောက်ကြောင်းရာဇဝင်ဟာ အလွန်ရှူပ်ထွေးဆန်းကြယ်လှသည်။ ဒီအဖြစ်အပျက်တွေကို ဘယ်သူကများ သိနိုင်ပါမည်နည်း။ ဟန်နွေးနဲ့ချမ်းထက်ခေါင် နှစ်ဦးတည်းသာလျှင် သိနေမှာဖြစ်သည်။

"သူကိုယ့်အကြောင်းတွေအကုန်သိထားတာတောင် ဦးသီဟန်ကို ပြောမပြတဲ့အကြောင်းအရင်းကဘာလဲ...တကယ်ဆို ကိုယ်က ဦးသီဟန်ကို တစ်ခုခုဖြစ်အောင်လုပ်လိုက်နိုင်တယ်ဆိုတာ သူသိမှာပဲ"

"ဖြစ်နိုင်ချေတွေကို ကျွန်တော်လည်းမတွေးတတ်ဘူး၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ ကိုကိုက ဦးသီဟန်ရဲ့သားဆိုတာကို ဦးကောင်းထွဋ်က သိနေတယ်၊ စုံထောက်ဆိုတာလည်း သိနေလောက်မှာပဲ၊ ဦးသီဟန်ကိုသာပြောပြလိုက်ရင် ပြဿနာတက်မှာ၊ သူ့သားရော သူ့ကိုလိုက်နေတဲ့စုံထောက်ရောက လူတစ်ယောက်တည်းဖြစ်နေတာသိသွားရင် အခြေအနေတွေဆိုးကုန်မှာသေချာတယ်"

ဟန်နွေးရဲ့ကောက်ချက်အချို့ကို ချမ်းထက်ခေါင် လက်ခံပါသည်။ ဌာနမှူးစုံစမ်းပေးတဲ့မလေးရှားကအကြောင်းတွေအရ ဦးကောင်းထွဋ်က ဦးသီဟန်ကိုကာကွယ်ဖို့ သူ့ကို တိုးတိုးတိတ်တိတ်နောက်ယောင်ခံလိုက်နေလောက်မည်။ ဒါတွေကိုကြိုတွေးပြီးသားဆိုပေမယ့် အခုက အနေအထားကွာခြားသည်။ ဒီကို သူရောက်လာခဲ့တုန်းက သေမထူး၊ နေမထူးဘဝနဲ့ ဦးသီဟန်အကြောင်း ရေမြေအဆုံးလိုက်မယ်ဆိုတဲ့သန္နိဌာန်နဲ့ဖြစ်သည်။ လက်ရှိမှာတော့ ဟန်နွေးရှိနေသည်။ ဟန်နွေးထိခိုက်လို့မဖြစ်။ ဟန်နွေးသာတစ်ခုခုဖြစ်ရင် သူ့ဘဝက သေတာထက်ပိုဆိုးလိမ့်မည်။ ထို့ကြောင့် အလေးအနက်ထားပြီး ဒီကိစ္စကို ကိုင်တွယ်ရလိမ့်မည်။

Darling DearestWhere stories live. Discover now