(Unicode)
Playlist - Accident (Big Bag & Mary)
တီးလုံးလေးတွေတငြိမ့်ငြိမ့်ပေါ်ထွက်နေသည်။ တီးလုံးသံတွေကြားထဲမှာ လူသံတွေ ကွက်တိကွက်ကြား ကြားနေရသည်။ ခွက်ချင်းဖြည်းဖြည်းတိုက်သံတွေနဲ့ ခပ်အုပ်အုပ်ရယ်မောသံတွေအပြင် အင်္ဂလိပ်လိုပြောသံတွေရယ်၊ စပိန်လိုပြောသံတွေရယ်၊ တရုတ်လိုပြောသံတွေရယ်က ရောထွေစီညံစွာ တည်ရှိနေသည်။
ဟန်နွေး စမတ်ကျကျ၊ စတိုင်ကျကျ လမ်းလျှောက်လိုက်တိုင်းမှာ အပျိုနုနုတွေ မျက်လွှာလေးတွေလှန်ကြည့်ကြသည်။ အချင်းချင်း တီးတိုးပြောကြသည်။ ပြုံးစစနဲ့ ကျန်ခဲ့ကြသည်။ ဟန်နွေးရဲ့ချောမောခံ့ညားမှုက ပွဲတစ်လုံးကိုဖမ်းစားနိုင်ပြီး လူသဘောကျများသည်။ သို့သော် ကာယကံရှင်ဟန်နွေးကတော့ ဘယ်သူ့ကိုမှမကြည့်၊ ဘာကိုမှဂရု့မစိုက်ဘဲ သူသောက်လိုတဲ့ Alcohol တွေရှိရာဆီသာ တစိုက်မတ်မတ်လျှောက်နေသည်။
"ဘာရွေးသောက်ရမလဲ"
ဒီပွဲမှာပြင်ဆင်ထားပေးတဲ့ Alcohol တွေဟာ World Raking ဝင်တဲ့ Brand တွေချည်းသာဖြစ်သည်။ Alcohol သိပ်မသောက်တဲ့ဟန်နွေးက သေသေချာချာရွေးချယ်တတ်တာမဟုတ်။ ဒါ့ကြောင့် သူ့မျက်လုံးထဲဝင်လာတဲ့ အမေရိကန်ဒေါ်လာ ၁၇၀၀တန် The Dalmore 25 Year Old ပုလင်းကိုကောက်ကိုင်လိုက်သည်။
"ဒါက အိမ်မှာပါပါးသောက်တတ်တဲ့ဟာပဲ"
Whiskey အမျိုးအစားဖြစ်ပြီး ပုလင်းအရွယ်အစားက သိပ်မကြီးပေ။
"ဒါလေးပဲသောက်လို့မူးပါ့မလား"
အရမ်းမူးချင်နေတဲ့ကောင်လေးက အခြားတစ်မျိုးကိုပါ ထွက်မံရွေးချယ်ဖို့ စူးစမ်းနေသည်။
"Mendis Coconut Brandy တဲ့...ဒါလည်းသောက်မယ်"
ခပ်ရှည်ရှည်ပုလင်းတစ်လုံးကိုရွေးကာ အရှေ့ဘက်ကိုထုတ်ထားလိုက်သည်။
"Diva Vodka...ဒါလည်းသောက်မယ်"
လောလောဆယ်တော့ ဟန်နွေးဆီမှာ အမျိုးအစားမတူတဲ့ Alcohol သုံးမျိုးရှိသည်။ အကုန်ရောပြီးသောက်ရင် မူးတဲ့အပြင် အန်ပါထွက်လိမ့်မည်။ ဒါကို ဟန်နွေးလည်း မသိတာမဟုတ်။ သူ့စိတ်ထဲမှာ မူးချင်နေတာပဲသိသည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...