Chapter 37

209 20 6
                                    

(Unicode)

ဆံပင်တိုတိုတွေထဲလက်ထိုးထည့်ကာ မိမိရဲ့ဆံပင်ကို မိမိပြန်ဆွဲဆောင့်နေသည်။ ခြေထောက်ကိုလည်း ကြမ်းပြင်နဲ့ ကြိမ်ဖန်များစွာဆောင့်နေပြီး နှုတ်ခမ်းကိုလည်း သွားနဲ့ဖိကိုက်ထားသည်။

"မကြားချင်တော့ဘူး...တစ်နေ့တစ်နေ့ အဲ့ဒီရန်ဖြစ်သံတွေပဲ"

ဂျူးကောင်းထွဋ်...။ သူရဲ့အခန်းရှေ့မှာတင် မိဘနှစ်ပါးက ထုံးစံသဖွယ် ရန်သတ်နေကြသည်။ စကားနာတွေထိုးပြီး အငြင်းတွေပွါးနေကြသည်။ တစ်ယောက်ကိုတစ်ယောက်လည်း ဘယ်လောက်ထိနာကြည်းမုန်းတီးကြောင်း ကြိမ်ဖန်များစွာပြောနေကြသည်။ သမီးတစ်ယောက်အနေနဲ့ ဒါတွေကိုကြားနေရတာ နာကျင်ခံစားရသည်။ ဘယ်လောက်ထိ စိတ်ဒုက္ခဖြစ်နေသလဲဆိုတာ ကိုယ်တိုင်တောင် မပြောပြတတ်တော့ပေ။

ဂျူးကောင်းထွဋ်က တံခါးကိုတွန်းဖွင့်လိုက်သည်။ သူ့ကိုမြင်တော့ မိဘနှစ်ပါးက စကားများလက်စကိုရပ်ကာ သူ့ကိုပြိုင်တူလှည့်ကြည့်သည်။

"ဂျူးလေ သိပ်သေချင်တာပဲသိလား"

ခက်ခဲဆို့နင့်လှစွာသောအသံနဲ့တစ်ခွန်းပြောပြီး အပြေးတစ်ပိုင်းနဲ့ အောက်ထပ်ဆင်းသွားသည်။ ရန်ဖြစ်သံတွေကိုဆက်မကြားချင်။ ကြားရမယ့်အစား သေသွားတာကမှပိုကောင်းဦးမည်။ ဒါကို ဂျူးကောင်းထွဋ် မတွေးမိတဲ့နေ့မရှိခဲ့။

ခြံထဲရောက်တော့ သူနေထိုင်ရာ နန်းတော်သဖွယ်ခမ်းနားတဲ့အိမ်ကြီးကိုမော့ကြည့်လိုက်သည်။

"အိမ်မရှိရင်ကောင်းမယ်"

မပျော်စွာရေရွတ်ပြီးနောက် သူ့ကားလေးကိုမောင်းကာ အပြင်ထွက်သွားသည်။ ပုံမှန်ဆိုရင် အိမ်ကထွက်တာနဲ့ ဆိုင်ကိုသွားပြီး ပုံဆွဲကာ စိတ်ဖြေဖျောက်လေ့ရှိသည်။ ဒါပေမယ့် ဒီနေ့တော့ ဆိုင်ကိုလည်းမသွားချင်။ ပင်ပန်းကာ ငြီးစီနေသည်။ တစ်ယောက်ယောက်ကို သူလိုအပ်နေသည်။ သူ့အတွက် လုံခြုံတယ်လို့ခံစားရတဲ့တစ်ယောက်ယောက်ရဲ့အနားမှာ သူရှိချင်နေသည်။ မြို့ပတ်ပြီးကားမောင်းနေရင်း လက်သည်းရှည်ကို ကိုက်လျက် ဘယ်သွားရမလဲ စဉ်းစားနေသည်။

Darling DearestWhere stories live. Discover now