Chapter 52

160 26 15
                                    

(Unicode)

ဂျစ်ကားလေးတစ်စီးဟာ ကုန်းမြင့်လမ်းကြောတစ်လျှောက်တွင် ပြေပြေလေးပြေးနေသည်။ ရာသီဥတုကသာယာတော့ လမ်းခရီးလည်းချောမွေ့သည်။ တောင်ကုန်းတောင်တန်းတွေမှာ မြူခိုးတွေဝေနေပြီး ထိုမြူတွေကြားထဲကနေ ဂျစ်ကားလေးကို ထိုးခွဲမောင်းနှင်နေသည်။

ဟန်နွေးကတော့ ကားမောင်းသူဖြစ်ပြီး ချမ်းထက်ခေါင်ကတော့ ပတ်ဝန်းကျင်ကိုငေးမောရင်း လိုက်ပါလာသည်။ ဂျစ်ကားလေးရဲ့အနောက်မှာ ပြည့်ရည်ဖူးဆီကနေငှါးလာတဲ့ကနူးလှေနဲ့အတူ ဂစ်တာလည်းရှိသည်။ ဟန်နွေးယူဆောင်လာတဲ့ပစ္စည်းတွေလည်း အပြည့်ဖြစ်သည်။

"ကိုကို ပျော်ရဲ့လား"

"အင်း...နွေးနဲ့ရှိရတဲ့အချိန်တိုင်းမှာ ကိုယ်ပျော်ပါတယ်"

ချမ်းထက်ခေါင်က ပြုံးလျက်ဖြေသည်။ ဟန်နွေးက ကားမောင်းနေရင်း ချမ်းထက်ခေါင်ရဲ့လက်တစ်ဖက်ကိုလှမ်းကိုင်ရင်း လက်ဖမိုးကိုနမ်းလိုက်သည်။

"နွေး ကားကိုပဲဂရုစိုက်မောင်း"

ဟန်နွေးက မချိုမချဉ်ပြုံးလိုက်ပြီး ကားကိုသာ ဂရု့ပြု၍မောင်းနှင်လိုက်သည်။ ဒါဟာ ချမ်းထက်ခေါင်ရဲ့စကားကို မြေဝယ်မကျနားထောင်တဲ့သဘော။

ပြင်ဦးလွင်ရဲ့ကုန်းမြင့်ဒေသတွေကိုကျော်ဖြတ်တော့ လေကတဖြူးဖြူးနဲ့တိုက်သည်။

"ကိုကို အသက်ဝဝရှူလိုက်နော်...အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး စိတ်ကိုအေးအေးထား"

ချမ်းထက်ခေါင်က ဟန်နွေးပြောတဲ့အတိုင်း အသက်ရှူသည်။ အောက်ဆီဂျင်ပြည့်ဝစွာရရှိတဲ့ဒီနေရာမှာ ချမ်းထက်ခေါင် စိတ်ချမ်းသာသည်။ အေးမြတဲ့လေတွေ နှာဖျားထဲတိုးဝင်လာတဲ့အခိုက်အတန့်တိုင်းမှာ စိတ်အေးချမ်းမှုကိုရရှိသည်။

လိမ်လိမ်ကောက်ကောက်လမ်းအချိုးအကွေ့တွေကိုဖြတ်ကျော်ပြီးနောက်တွင် တောင်ပေါ်က ရေတံခွန်ရှိရာဆီရောက်လာကြသည်။ ကားရပ်လိုက်တော့ ချမ်းထက်ခေါင်က အရင်ဆင်းပြီး ဟန်နွေးကို ကားတံခါးဖွင့်ပေးကာ လက်ကမ်းသည်။ ဟန်နွေးက ချမ်းထက်ခေါင်ကိုကြည့်တော့...

Darling DearestWhere stories live. Discover now