Chapter 20

311 48 16
                                    

(Unicode)

"ကျွတ် ကျွတ် ကျွတ်"

မွေ့ယာခင်းအဖြူပေါ်ကလူတစ်ယောက်ဟာ နာကျင်သောညည်းသံသဲ့သဲ့ဖြင့် နိုးလာသည်။ ပါးစပ်က တကျွတ်ကျွတ်အော်မြည်လျက် အိပ်ယာထက်မှာ လူးလှိမ့်နေ၏။

"အား...ကိုက်လိုက်တာ"

ချမ်းထက်ခေါင်ဟာ နားထင်နှစ်ဖက်ကို လက်နဲ့ဖိထားပြီး ခေါင်းကိုက်တာကို ညည်းတွားနေသည်။ နိုးနေပေမယ့် အသိစိတ်ကအပြည့်မကပ်သေး။ ဦးနှောက်ကလည်း အပြည့်အဝအလုပ်မလုပ်သေး။ ဒါပေမယ့် ခေါင်းကိုက်နေတာကိုတော့ သိသိသာသာခံစားနေရသည်။

"Shit"

စောစောစီးစီး သူရေရွတ်လိုက်သည်။ တဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်တော့ အဝါရောင်မျက်နှာကြက်ကို ဦးစွာမြင်ရသည်။ နာရီလှမ်းကြည့်တော့ ၉နာရီခွဲကိုညွှန်ပြနေပြီး နေတော်တော်မြင့်မှ သူနိုးလာခဲ့ခြင်းပင်ဖြစ်၏။

"ခေါင်းကိုက်လိုက်တာကွာ...ညကသောက်တာမများဘဲနဲ့..."

ငုပ်တုပ်ထထိုင်တော့ သူဟာ အဝတ်ဗလာ၊ Boxer တစ်ထည်တည်းနှင့်သာဖြစ်သည်။ ချမ်းထက်ခေါင်က သူ့ရင်ဘတ်သူကိုင်ကြည့်ရင်း ညတုန်းက အဝတ်တွေကို ဘယ်လိုချွတ်ပစ်ခဲ့လဲ နားမလည်နိုင်အောင် တွေးတောနေမိသည်။ တွေးနေရင်းနဲ့ တစ်စုံတစ်ခုကိုသတိရသွားသည့်နှယ် မျက်ခုံးကြောတွေကို တွန့်ချိုးမိလိုက်သည်။

"ဟိုတစ်ယောက်"

မှတ်မိသလောက်ကတော့ ဒယီးဒယိုင်ဖြစ်နေတဲ့သူဟာ ဟန်နွေးပုခုံးထက်မှာ မှီ၍အိပ်မောကျသွားခဲ့တာပဲဖြစ်သည်။ ကျန်တာတော့မသိတော့။ ဒီအထိ ဟန်နွေးကပဲခေါ်လာပေးတာများလား...။ ခေါင်းပိုကိုက်လာ၍ ဆက်မတွေးတော့ဘဲ အိပ်ယာထဲကနေကုန်းရုန်းထမိသည်။ ထိုသို့ထကာမှ ဗိုက်ထဲကနေစူးခနဲအောင့်လာသည်။ ထို့ကြောင့် ကုတင်ပေါ်ကနေ လေးဘက်ထောက်ကာ ပြုတ်ကျသွားခဲ့ရပြီး ကြမ်းပြင်ပေါ်မှာပဲခွေခေါက်ကာ ဗိုက်ကိုဖိထားရသည်။

"ဗိုက်ကပါ...ကျစ် ဗိုက်ကပါ အောင့်...အား..."

တစ်ချက်တစ်ချက်စူးထိုးလာတဲ့ခံစားချက်ကြောင့် ချမ်းထက်ခေါင် လမ်းဖြောင့်ဖြောင့်မလျှောက်နိုင်ပေ။ လက်ကဗိုက်ကိုဖိလျက်နဲ့ပင် ခန္ဓာကိုယ်ကိုကုန်းကာ ဖြည်းဖြည်းသာလျှောက်ပြီး မီးဖိုချောင်ထဲဝင်လာသည်။

Darling DearestWhere stories live. Discover now