Chapter 30

250 37 9
                                    

(Unicode)

"ဟဲ့ ငါပြောတာကြားလား"

အသံခပ်ဆတ်ဆတ်နဲ့အတူ ဟန်နွေးရဲ့လက်မောင်းကိုဖြတ်ရိုက်လိုက်တဲ့ပြည့်ရည်ဖူး။

မတွေ့ရတာကြာပြီလည်းဖြစ်သလို၊ ပြည့်ရည်ဖူးရဲ့ကိစ္စလေးတွေကိုလည်းသိချင်လို့ မြို့ထဲကကော်ဖီဆိုင်ကိုစချိန်းတဲ့လူက ဟန်နွေးဆိုပေမယ့် တကယ်တမ်း ပြည့်ရည်ဖူးစကားပြောတော့ ငေးငိုင်နေပြီး အတွေးလွန်နေတာကလည်း ဟန်နွေးပင်ဖြစ်သည်။

"အ နာလိုက်တာဟာ"

"နင်ငါပြောတာနားမထောင်ဘူး...ရတယ်၊ မပြောတော့ဘူး"

ပြည့်ရည်ဖူးက သူဖားလျားချလာတဲ့ ရွှေအိုရောင်ရေလှိုင်းလောက်ဆံပင်တွေကို အရှေ့မှအနောက်သို့ လက်နဲ့ပင့်ကာချလိုက်ရင်း စိတ်ကောက်သွားသည်။

"ဖူးဖူး စိတ်မကောက်ပါနဲ့နော်၊ ငါတောင်းပန်ပါတယ်၊ ငါနည်းနည်းအတွေးလွန်နေလို့"

"နင်ပဲစချိန်းပြီး အခုလိုလုပ်နေတာမကောင်းဘူးဟာ၊ ငါ့မှာ ဒီအကြောင်းတွေပြောပြစရာဆိုလို့ နင်ပဲရှိတာကို"

ဟန်နွေးက သူ့အပြုအမူတွေအတွက် ပြည့်ရည်ဖူးကို အားနာသွားသည်။ သူကလည်း သူပါလေ။ မတွေးဘူးလို့အတင်းမဆုံးဖြတ်ထားပေမယ့်လည်း တွေးမိလိုက်တိုင်း ချမ်းထက်ခေါင်အကြောင်းချည်းသာမို့လို့ ဒီလိုနစ်ဝင်သွားရတာပင်ဖြစ်သည်။

"အင်းပါ၊ ငါတောင်းပန်ပါတယ်၊ ငါ အစ်ကို့အကြောင်းတွေးလိုက်မိလို့ပါ၊ စိတ်မကောက်နဲ့တော့နော်၊ အခုပြောပြ၊ ငါသေချာနားထောင်မယ်"

ထိုအခါမှသာ ပြည့်ရည်ဖူးက သက်ပြင်းလေးချပြီး သူမှာထားတဲ့အမေရိကာနိုပူပူကို တစ်ငုံသောက်လိုက်သည်။

"ငါသူ့ကိုရှာတွေ့ပြီ...မြို့ထဲမှာ ဖက်ရှင်ဆိုင်ဖွင့်ထားတယ်၊ သူက ဒီဇိုင်နာတဲ့လေ"

"သူနဲ့တွေ့ပြီးပြီလား"

"ဟင့်အင်း...သူ့ဆိုင်ရှေ့တော့ရောက်ခဲ့တယ်၊ ဝင်မသွားရဲလို့ အပြင်ကနေပဲကြည့်ပြီး ပြန်လာခဲ့တာ"

"ပြန်တွေ့ရင်ရော သူ့ဘက်ကမှတ်မိနိုင်မလား"

"မပြောတတ်ဘူး...ငါကသာ သူ့ကိုမမေ့နိုင်ခဲ့ပေမယ့် သူကငါ့လိုခံစားနေဖို့ဆိုတာ ဖြစ်နိုင်ချေသိပ်မရှိဘူး၊ နင်လည်းသိတာပဲဟန်နွေးရယ်၊ သူက ငယ်ငယ်ကတည်းက ယောက်ျားပဲကြိုက်တာ"

Darling DearestWhere stories live. Discover now