(Unicode)
ဟန်နွေးက How You Feel Today ဟူသော စာတန်းပါတဲ့ စာရွက်တစ်ရွက်ကိုကိုင်ရင်း အခြေအနေအရပ်ရပ်ကို သုံးသပ်နေလေသည်။ ထိုသို့လုပ်နေရင်း အခြားဖိုင်ထဲကစာရွက်တွေမှာလည်း မှတ်တန်တာကို မှတ်နေလေသည်။
အခုဆို ချမ်းထက်ခေါင်က ဟန်နွေးရဲ့ Client ဖြစ်နေပြီဆိုတော့ ချမ်းထက်ခေါင်ရဲ့ပတ်သက်တဲ့အစစအရာရာကို စာရွက်စာတမ်းများနဲ့ စနစ်တကျ မှတ်တမ်းတင်ထားရသည်။ တိုးတက်လာမှုနဲ့ဆုတ်ယုတ်သွားမှုတွေရဲ့အနေအထားကို အမြဲတမ်း နိုးနိုးကြားကြား ကြည့်ရှူ့နေရသည်။
ညစဉ်ညတိုင်းလုပ်ခိုင်းလေ့ရှိတဲ့ How You Feel Today ဆိုတဲ့နည်းလမ်းလေးဟာ စိတ်ခံစားချက်တွေဘယ်လိုရှိလဲဆိုတာကို ကိုယ်တိုင်မြင်သာစေတဲ့ နည်းလမ်းပင်ဖြစ်သည်။ ဒီနည်းလမ်းက ပုန်းကွယ်နေတာမျိုးတွေရပ်ပြီး ပွင့်လင်းစွာလက်ခံနိုင်ဖို့အတွက် အကျိုးပြုပေးသည်။
"Happiness မှာ ပန်းရောင်ခြယ်တယ်၊ Sadness ကျတော့ ဘာမှခြယ်မထားဘူး၊ Fear မှာကျတော့ အစိမ်းနုတဲ့"
Colour Theory အရကြည့်ရင်တော့ ပန်းရောင်ခြယ်တာက ငြိမ်သက်နေတဲ့ခံစားချက်တစ်ခုရှိနေတာကိုဖော်ပြသည်။ အစိမ်းနုခြယ်တာက ပူပန်မှုတွေရှိသေးတာကိုဖော်ပြသည်။ ချမ်းထက်ခေါင်က ရံဖန်ရံခါတော့ သူ့ကြောက်စိတ်တွေမှာ အစွဲကပ်နေသေးတယ်ဆိုတာ မျက်နှာကြည့်ရုံနဲ့တင် ဟန်နွေးသိခဲ့ပါသည်။
အခြားသော Contempt... Disgust... Surprise... Anger တို့မှာတော့ အပြာလေးတွေနဲ့ အဝါလေးတွေကို ခြယ်ထားသည်။ ဒါကတော့ စိတ်ခံစားချက်ရှူပ်ထွေးနေမှုတွေဆိုတာကိုလည်း ဟန်နွေးသဘောပေါက်သည်။
"ဘာပဲဖြစ်ဖြစ် ကိုကိုတိုးတက်လာတယ်...ရှေ့လျှောက် ပိုပြီးကြိုးစားပေးရမယ်၊ ကိုကိုက ထင်ထားတာထက် မြန်မြန် Recover ဖြစ်မှာသေချာတယ်"
ဟန်နွေးကတော့ သူ့ချစ်သူအတွက် အပိုင်တွက်ကိန်းနဲ့ကိုတွက်နေပြီ။ သူ့ချစ်သူအစား ယုံကြည်ချက်တွေခိုင်မာနေတယ်ဆိုတာလည်း အထင်းသားပေါ်လွင်သည်။
"အင်း...ကိုကိုနဲ့ Camping ထွက်ရင် ဘာတွေယူသွားရမလဲဆိုတာ စာရင်းလုပ်ရမယ်...ကနူးလှေလေးက ဖူးဖူးဆီမှာရှိသေးလားမသိဘူး၊ ဖုန်းဆက်ရမယ်"
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older ဘားမှာတွေ့ခဲ့တဲ့အချစ်ဦး... ၈နှစ်အကြာမှာ မှုခင်းစုံထောက်အဖြစ် သူ့အရှေ့ကိုပြန်ရောက်လာတယ်... အချစ်ဦးစုံထောက်နဲ့ စိတ်ကုပညာရှင်ဖ...