(Unicode)
Playlist - Why don't you stay (Jeff Satur)
Something miracle is waiting in another region
ထိုစာတမ်းပါစာရွက်လေးက Dew လက်ထဲမှာ။ ကျန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ခြံထောင့်မှာကျနေတဲ့စာရွက်လေးကိုကောက်ယူခဲ့ပြီး စာသားကိုသဘောကျလို့ သိမ်းထားခဲ့ခြင်းဖြစ်သည်။
"Something miracle ဖြစ်နိုင်မလား...သူက..."
Dew က သူ့ကုတင်ပေါ်က ဂျာနယ်လိပ်ထဲမှာရှိနေတဲ့ ကျူးလစ်အပြာတွေကို တို့ထိလိုက်ရင်းပြောသည်။
"အပြာရောင်ကျူးလစ်ပန်းတွေရဲ့အဓိပ္ပာယ်က ကိုယ့်ကို စိတ်ခွန်အားပေးတဲ့တစ်စုံတစ်ယောက်အတွက် ရည်ညွှန်းတယ်၊ ကျွန်တော့်အတွက် ဒေါက်တာက အဲ့လိုဖြစ်တည်မှုမျိုးမို့လို့ လက်ဆောင်ပေးတာပါ"
ဒီပန်းတွေလက်ခံရယူစဉ်တုန်းက Itt ပြောခဲ့တဲ့စကား။ သူက Itt အတွက် စိတ်ခွန်အားပေးတယ်တဲ့။ ဘယ်လိုမျိုးလဲလို့ သူမေးကြည့်ခဲ့သည်။
"ကျွန်တော်က စွပ်စွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး Mental Breakdown ဖြစ်သွားလို့ Psycho Therapist ဆီမှာ တစ်လလောက်ကုသမှုခံယူဖူးတဲ့လူပါ၊ ဒီဆုံခလာကိုရောက်လာတာကလည်း ကျွန်တော့်စိတ်တွေ အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့အတွက်ပဲ၊ အဲ့လို ကျွန်တော့်အတွက် ဒေါက်တာက စိတ်ခွန်အားပေးနိုင်တဲ့ဖြစ်တည်မှုမျိုးရှိတယ်၊ ကျွန်တော့်ရဲ့စိတ်လုံခြုံရာလေးလို့ ခံစားနေမိတယ်၊ ကျွန်တော်ပျော်ရွှင်တဲ့အခါတိုင်း ဒေါက်တာရဲ့ပုံရိပ်ကအမြဲရှိနေတယ်၊ ကျွန်တော့်စိတ်တွေပိုပြီးကောင်းမွန်လာတာ ဒေါက်တာကြောင့်ပါ"
"မဟုတ်တာ...Dew က You ကို ဘာမှလည်းလုပ်မပေးရဘဲနဲ့..."
"ဟုတ်ပါတယ်၊ ဒေါက်တာက ဘာမှလုပ်ပေးဖို့မလိုအပ်လောက်အောင် ဒေါက်တာရဲ့ဖြစ်တည်နေမှုကတင် ကျွန်တော့်ကိုရှေ့ဆက်လျှောက်ဖို့ ခွန်အားဖြစ်စေခဲ့တာပါ"
ပန်းရတဲ့နေ့ကစကားဝိုင်းကိုပြန်တွေးမိရင်း ကြက်သီးမွေးညင်းတွေ တသီးသီးထလာသည်။ Dew သက်ပြင်းချလိုက်သည်။ နဖူးပြင်မှစ၍ မျက်နှာတစ်ဝိုက်ကို လက်နဲ့ပွတ်ဆွဲချလိုက်ပြီး မတ်တပ်ထရပ်ကာ ပြတင်းပေါက်မှာ မှီနေလိုက်သည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...