Chapter 55

133 23 17
                                    

(Unicode)

Camping မှပြန်လာပြီးနောက်ပိုင်း ချမ်းထက်ခေါင်ဟာ အနေအထိုင်၊ အသွားအလာကို ဆင်ခြင်နေသည်။ အပြင်သွားရင်လည်း ဟန်နွေးနဲ့အတူမသွားဖြစ်တော့သလို သူတစ်ယောက်တည်းအပြင်ထွက်ရင်လည်း သိုသိုသိပ်သိပ်သွားလာလှုပ်ရှားသည်။

တစ်ခါတစ်ရံ အနောက်ကနေအလိုက်ခံနေရတဲ့ခံစားချက်မျိုးရတာကြောင့် မြို့တွင်းလမ်းတွေကနေမဟုတ်ဘဲ တောလမ်းတွေထဲကနေ လျှို့ဝှက်စွာသွားရသည်။ ဦးသီဟန်အနောက်လိုက်တဲ့အချိန်တွေမှာလည်း ဦးသီဟန်ရဲ့လူတွေတင်မဟုတ်ဘဲ ဦးကောင်းထွဋ်ရဲ့လူတွေကိုပါ မျက်စိလျှင်လျှင်နဲ့ ကြည့်ရှောင်ရသည်။

ဟန်နွေးအပြင်သွားရင်လည်း သတိရှိဖို့အမြဲမှာသည်။ အနောက်ကနေ ကိုယ်တိုင်လိုက်ပြီးစောင့်ရှောက်ပေးချင်ပေမယ့် သူနဲ့အတူရှိရင်အန္တရာယ်ပိုများမှာစိုးလို့ ချမ်းထက်ခေါင်မှာ တွဲသွားတွဲလာသိပ်မလုပ်တော့ပေ။ သူ့ကြောင့်နဲ့ ဟန်နွေးထိခိုက်မှာကို အလွန်စိုးရိမ်တာကြောင့် အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ဖြစ်နေတတ်သည်။

"ကိုကို"

ချမ်းထက်ခေါင်က သစ်သားအိမ်လေးရဲ့ Dashboard မှာ စီးကရက်ဖွါနေတုန်း ဟန်နွေးခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် စီးကရက်ကို ပြာခွက်ထဲမှာထိုးချေပစ်ပြီး ဟန်နွေးကိုပြုံးပြသည်။

"စီးကရက်သောက်နေတာမလား...ဆက်သောက်လေကိုကိုရဲ့၊ အများကြီးကျန်သေးတာကို ချေလိုက်တယ်"

"မသောက်တော့ပါဘူးနွေးရဲ့၊ နွေးက စီးကရက်နံ့မှမခံနိုင်တာ...ခဏနေဦး၊ ကိုယ်ပလုတ်သွားကျင်းလိုက်ဦးမယ်"

ချမ်းထက်ခေါင်က ပြောပြီးတာနဲ့ အိမ်ထဲဝင်ဖို့လုပ်တော့ ဟန်နွေးက လက်မောင်းကနေဆွဲပြီးတားလိုက်သည်။

"ဘာလို့ပလုတ်ကျင်းမှာလဲ"

"နွေးကစီးကရက်နံ့မခံနိုင်ဘူးလေ၊ ကိုယ်နဲ့စကားပြောတဲ့အခါ အနံ့ရနေမှာစိုးလို့"

ထိုသို့ပြောသောအခါ ဟန်နွေးက ပီတိဝေဆာစွာပြုံးလိုက်သည်။

"တကယ်ပါပဲဗျာ...ကျွန်တော့်ချစ်သူက အရမ်းအလိုက်သိတာပဲ၊ ချစ်လို့တောင်မဝတော့ဘူး"

Darling DearestWhere stories live. Discover now